မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ လှေလှော်ပြိုင်ပွဲအား ယနေ့ အောက်တိုဘာ ၁၆ ရက်နံနက် ၁၀ နာရီမှစတင်၍ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။
မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လှေလှော်ပြိုင်ပွဲအား ကန်ကြီးမင်္ဂလာကန်တော်၌ကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် မာရဇိန်လှေလှော်အသင်းနှင့် မျိုးဆက်သစ်လှေလှော်အသင်းတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲအား မုဒုံမြို့ပေါ် ရှိ ရပ်ကွက်များမှ လှေလှော်အသင်း(၇)သင်းဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားအား အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းအား (၇) သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအား (၅) သိန်းကျပ်၊ တတိယဆုရရှိသည့်အသင်းအား (၃) သိန်းကျပ်၊ စတုတ္ထဆုရရှိသည့်အသင်းအား (၂) သိန်းကျပ်နှင့် နှစ်သိမ့်ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
