Top News

ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်မည့် AFC Challenge Cup အုပ်စု (D) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် သုဝဏ္ဏကွင်း၌ လက်ခံကျင်းပမည်
24htopnews | October 16, 2024 11:12 PM CST

 

မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်မည့် ၂၀၂၄-၂၀၂၅ ရာသီ AFC Challenge Cup ပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်များကို ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

အုပ်စု (D) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး  မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့်အတူ လာအိုကလပ် Young Elephant အသင်း၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီး အသင်း ပါဝင်နေသည်။ အုပ်စုပွဲများကို အောက်တိုဘာ ၂၇၊ ၃၀ ရက်၊ နိုဝင်ဘာ ၂ ရက်တွင် တစ်ရက်လျှင် တစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲအားလုံးကို ညနေ ၄ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ 

အုပ်စုပွဲစဉ်များအဖြစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းယူနိုက်တက် အသင်းနှင့် လာအိုကလပ် Young Elephant အသင်း၊ အောက်တိုဘာ ၃၀ ရက်တွင် တရုတ် တိုင်ပေကလပ် တိုင်နန်စီးတီးအသင်း၊ နိုဝင်ဘာ ၂ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တိုင်နန်စီးတီးအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 

ပြိုင်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက် အာရှဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အရှေ့အာရှဇုန်တွင် သုံးသင်း နှစ်အုပ်စု၊ အနောက်အာရှ ဇုန်တွင် လေးသင်း သုံးအုပ်စု  ပါဝင်မည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု (A) တွင် အရှေ့ဘင်ဂေါ (အိန္ဒိယ)၊ Nejmex (လက်ဘနွန်)၊ ဘာရှန်ဟာရာ (ဘင်္ဂလားဒေ့ရှ်)၊ ပါရို (ဘူတန်)၊ အုပ်စု (B) တွင် အယ်လ်အာရာဘီ (ကူဝိတ်)၊ အာကာဘတ် (တာ့ခ်မင်နစ္စတန်)၊ မာဇီယာ (မော်လ်ဒိုက်)၊ အာဘာဒက်ရှ် (ကာဂျစ္စတန်)၊ အုပ်စု (C) တွင် အယ်လ်အာလီ (ဘာရိန်း)၊ အယ်လ်ဖိုတို ၀ါ (ဆီးရီးယား)၊ အယ်လ်ဆီဘ် (အိုမန်)၊ ဟီ လယ်လ် (ပါလက်စတိုင်း)၊ အရှေ့ အာရှဇုန် အုပ်စု (D) တွင် ရှမ်းယူနိုက်တက် (မြန်မာ)၊ တိုင်နန်စီးတီး (တရုတ်တိုင်ပေ)၊ Young Elephant (လာအို)၊ အုပ်စု (E) တွင် မာဒူရာယူနိုက်တက် (အင်ဒိုနီးရှား)၊ Svay Rieng (ကမ္ဘောဒီးယား)၊ ဖယ်လ်ကွန် (မွန်ဂိုလီးယား) တို့ ပါဝင်နေသည်။ 

အရှေ့အာရှဇုန် အုပ်စု နှစ်ခုတွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး နှစ်သင်းစီ၊ အနောက်အာရှဇုန် အုပ်စုသုံးခု တွင် ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးတစ်သင်း  စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ 


READ NEXT
Cancel OK