ကပ္ပလီပင်လယ်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်လာနိုင်ချေမြင့်တက်လာသည့်အတွက် အောက်တိုဘာ (၂၀) ရက်မှ (၂၅) ရက်အတွင်း အထူးသတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာမှ တဆင့် မျှဝေအသိပေးထားသည်။
အောက်တိုဘာ (၂၀) ရက်မှ စတင်၍ မုတ္တမကွေ့၊ ကပ္ပလီပင်လယ်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိဖြစ်လာနိုင်ချေ မြင့်တက်လာသည်ကို တွေ့ရကြောင်း ဦးဝင်းနိုင်က ရေးသားထားသည်။
“ရက်ဝေးကြိုတင်ခန့်မှန်းချက်တွေက တစ်ပတ်ခန့် လိုနေသေးပေမယ့် မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေ မွန်၊ တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ရခိုင်ကမ်း ရိုးတန်းတလျှောက်က ပင်လယ်ရေလုပ်သားတွေအတွက် ကမ်းခြေကို ပြန်ဝင်သင့်/ မဝင်သင့် ချိန်ဆဆုံးဖြတ်ကြရမှာကြောင့် ဒီနေ့ အောက်တိုဘာ (၁၆) ရက်၊ ညနေ (၃)နာရီမှာ ရရှိတဲ့ ကြိုတင်ခန့်မှန်းချက်အရ အသိပေးတင်ပြလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကြိုတင်ခန့်မှန်းချက်အတိုင်း မုန်တိုင်းဖြစ်လာလျှင် ပင်လယ်ပြင် ရေလုပ်ကွက်များတွင် လေတိုက်နှုန်း တစ်နာရီ မိုင် (၃၀) ကျော်နှင့် လှိုင်းအမြင့် (၉)ပေခန့်အထိရှိလာနိုင်ကြောင်း ၎င်းက ရေးသားထားသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း မိုးများနိုင်ပြီး တောင်သူများအနေဖြင့်လည်း စပါးရိတ်သိမ်းချိန်များအတွင်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် ၎င်းက အသိပေးရေးသားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
