မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ဆောင်ရွက်ချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက လက်ခံသည်ဟု ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ရက်ဂျာလီချန်ဒရာက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျီ နီဗာမြို့၌ လတ်တလော ကျင်းပနေသော လွှတ်တော်ချင်းသမဂ္ဂ(IPU) ညီလာခံမှတစ် ဆင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရန် ဥပဒေပြုရေးနှင့်သက်ဆိုင်သော ကြိုးပမ်း အားထုတ်မှုများကို ပိတ်ဆို့ရန် ကြိုးပမ်းမည်မဟုတ်ဟု အောက်တိုဘာ ၁၅ ရက်တွင် မစ္စတာရက်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံက အာဆီယံနိုင်ငံများထဲတွင် မြန်မာအရေးနှင့်သက်ဆိုင်သော အလွတ် သဘောအစည်းအဝေးကို ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထား ခြင်းသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုအဖြစ် ရှုမြင်ခံရမည့်အနေအထား ဟုတ်မဟုတ်ဆိုသည်နှင့်ပတ်သက်၍ စောင့် ကြည့်သူများ၏စိုးရိမ်ပူပန်မှုကို မစ္စတာရက်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဂျီနီဗာ၌ ပြုလုပ်ခဲ့သော IPU အစည်းအဝေးတွင် မြန်မာနှင့် သက်ဆိုင်သောအရေး ပေါ်ကိစ္စအတွက် ထိုင်း၏စီမံဆောင်ရွက်မှုနှင့်သက်ဆိုင်သော အဆိုပြုချက်ကို ပါလီမန် သို့သဘောထားအမြင် တင်ပြရန် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဌာနကို အောက်တိုဘာ ၂ ရက်တွင် ဖိတ်ကြားခဲ့သည်ဟု ၎င်းကပြော ကြားခဲ့သည်။
ယင်းသို့သော လုပ်ရပ်က ထိုင်းအနေ ဖြင့် ဘက်လိုက်မှုများရှိနေသည်ဆိုသော အချက်ကို အမူအရာပြနိုင်သည့်အနေအထား အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိ ပေးခဲ့ပြီး ဘက်လိုက်ခြင်းက မြန်မာနိုင်ငံရှိ အဖွဲ့ အစည်းများအကြားလုပ်ဆောင်သော ဆွေးနွေးမှုများတွင် ကြားဝင်စေ့စပ်ပေးသူ အဖြစ်ဆောင်ရွက်ပေးသော ထိုင်း၏အခန်း ကဏ္ဍကိုအကျိုးသက်ရောက်စေနိုင်ပြီး ရာဇဝတ်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုး ရိမ်ပူပန်မှုများလိုနယ်စပ်ဖြတ်ကျော်ပြဿ နာများကိုလည်းအကျိုးသက်ရောက်နိုင် သည်ဟု မစ္စတာရက်ကပြောကြားခဲ့သည်။
ပါလီမန်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားအမြင်ကို အများစု ထောက်ခံ မဲဖြင့် သဘောတူခဲ့သည်ဟု မစ္စတာရက်က ပြောကြားခဲ့သည်။
ယင်းသည် ဥပဒေပြုရေးဆိုင်ရာ တာဝန် ရှိသူအားလုံး၏ပူးတွဲဆုံးဖြတ်ချက်ဖြစ်သည် ဟု ၎င်းင်းကဖြည့်စွက်ပြောကြားခဲ့ပြီး ၎င်းင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့ရန် အ ခွင့်အာဏာ သို့မဟုတ် တားဆီးရန် တာဝန် ရှိနေသည်ဟူသောအရေးပြဿနာမဟုတ်ဟု ဆိုသည်။
မြန်မာ့အရေးကို ဖြေရှင်းခြင်းသည် သတိထားကိုင်တွယ်မှုနှင့် အာဆီယံအဖွဲ့ ဝင် နိုင်ငံများနှင့် ဆွေးနွေးတိုင်ပင်မှုတို့ လိုအပ် နေသည်ဟု ဒု-ဝန်ကြီးက အလေးအနက် ပြောကြားခဲ့သည်။
မြန်မာ့အရေးနှင့်သက်ဆိုင်သော အာ ဆီယံအစည်းအဝေးကို လက်ခံကျင်းပခြင်း အပါအဝင် ထိုင်းအစိုးရက ဆောင်ရွက်သော လုပ်ဆောင်ချက်များကို အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက လက်ခံထားသည်ဟု ၎င်းင်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုင်ပင် ခြင်းမရှိဘဲ ဆောင်ရွက်ခြင်းများသည် အနုတ် သဘောဆောင်သော အကျိုးဆက်များကို ထွက်ပေါ်လာစေနိုင်ပြီး ကြားဝင်စွက်ဖက်မှု အဖြစ် ရှုမြင်ခံရနိုင်သည်ဟု မစ္စတာရက်က ပြောကြားခဲ့သည်။
Ref; Bangkok Post
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
