မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်နှင့် အိမ်ပစ်ရာပစ်ထွက်ပြေးနေရသူများကို ကူညီထောက်ပံ့ပေးရန် ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂက တာဝန်ယူအာမခံပေးထားသည့် "လုံခြုံရေး ဇုန်" တစ်ခု ဖန်တီးပေးရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ မိုဟာမက် ယူနွတ်က အောက်တိုဘာ ၁၄ ရက်တွင် အဆိုပြုခဲ့သည်။
ယူနွတ်သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးနှင့် ဒါကာမြို့တော်တွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း ထိုသို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးဇုန် ဖန်တီးမှုသည် ပဋိပက္ခကို ခံစားနေရသူများအား အကူအညီပေးရန် အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပြီး ပဋိပက္ခကိုဖြေရှင်းရန် ကောင်းမွန်သည့် လမ်းစတစ်ခုဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာမှုကိုလျှော့ချနိုင်ကြောင်း ယူနွတ်က ပြောကြားခဲ့သည်။
အန်ဒရူးကလည်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် အခြေအနေသည် ကြီးမားသည့် အကျပ်အတည်းတစ်ခုဖြစ်ကြောင်းနှင့် လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေသည့်အချက်ကို သဘောတူခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လူပေါင်း ၃ ဒသမ ၁ သန်းထက်မနည်းရှိကြောင်း အန်ဒရူးက ပြောသည်။
မကြာသေးမီသီတင်းပတ်များအတွင်းမှာပင် ဘင်္ဂလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ၃၀၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ထွက်ပြေးဝင်ရောက်လာသည့် ဘင်္ဂလီ ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရှိခဲ့သည်။ ထိုဒုက္ခသည်အများစုသည် ကော့ဘဇားမြို့ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဒုက္ခသည် ၃၅၀၀၀ ခန့်သည် ဘာဆန်ချားကျွန်းသို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအကြီးအကဲ ယူနွတ်ကမူ ရခိုင်ပဋိပက္ခကို ဖြေရှင်းရန် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပြီး ဘင်္ဂလီဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပြောင်းရွှေ့နေရာချထားရန်အတွက် ကုလသမဂ္ဂက အကူအညီပေးရန်လည်း တိုက်တွန်းခဲ့သည်။
Ref: Anadolu Agency
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
