ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်းနည်းပြ ဂွါဒီယိုလာသည် အသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီခဲ့ဖြစ်ကြောင်း The Telegraph က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် နာမည်ကျော်စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ၎င်းနှင့် အလွန်ရင်းနှီးသည့် အသင်းအားကစားဒါရိုက်တာ ဘီဂီရီစတိန်းမှာ ယခုရာသီကုန်တွင် မန်စီးတီးအသင်းမှ ထွက်ခွာမည်ဖြစ်ရာ ဂွါဒီယိုလာ၏ အနာဂတ်အတွက်လည်း စိုးရိမ်မှု မြင့်တက်ခဲ့သည်။
သို့သော် The Telegraph ၏ဖော်ပြချက်အရ ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ဂွါဒီယိုလာသည် မန်စီးတီး အသင်းကို၂၀၁၆ တွင် စတင်ကိုင်တွယ်ခဲ့ပြီး နောက်တစ်ရာသီဆက်နေပါက (၁၀)နှစ်ပြည့်မြောက်မည်ဖြစ်သည်။
ဂွါဒီယိုလာသည် ၎င်း၏နည်းပြဘဝ စတင်သည့် ဘာစီလိုနာအသင်းကို (၄) နှစ်၊ ဘိုင်ယန်မြူးနစ်အသင်း ကို(၃)နှစ်သာ ကိုင်တွယ်ခဲ့သော်လည်း မန်စီးတီးအသင်းကိုမူ (၁၀) နှစ်ကြာ ကိုင်တွယ်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။ ဂွါဒီယိုလာသည် ၂၀၂၂-၂၃ ရာသီ ဖလား(၃) လုံးအပါ အဝင် မန်စီးတီးအသင်းကို သမိုင်းဝင် ဆုဖလားများရယူပေးခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်နှင့် အမှုရင်ဆိုင်နေရသော်လည်း ဂွါဒီယိုလာသည် အသင်း၌ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
