မန်ယူဂန္ထဝင် ကန်တိုနာက အသင်း၏ဂန္ထဝင်နည်းပြကြီးဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်အား ယခုရာသီကုန်တွင် အသင်း၏ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည့် မန်ယူအသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်အား ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့သည်။
ဖာဂူဆန်(၈၂ နှစ်)သည် ပရီးမီးယားလိဂ်နှင့် မန်ယူအသင်း၏သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ပြီး မန်ယူအသင်းကို အင်္ဂလိပ်ဘောလုံးလောကတွင် လွှမ်းမိုးနိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ ဖာဂူဆန်သည် မန်ယူအသင်း (၂၇)နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၁၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၃၈) လုံးအထိ ရယူပေးခဲ့သည်။
မန်ယူအသင်းသည် ၂၀၁၃ ခုနှစ် တွင် နည်းပြဘဝမှ အနားယူခဲ့သည့် ဖာဂူဆန်အား ယင်းအချိန်ကတည်းက အသင်း၏ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ကာ တစ်နှစ်လစာ ပေါင် (၂.၁၆) သန်း ပေးချေခဲ့သည်။ သို့သော် ယခုအခါ မန်ယူအသင်းသစ်ပိုင်ရှင် ရက်ကလစ်ဖ်သည် ပြီးခဲ့သည့်အင်္ဂါနေ့က ဖာဂူဆန်နှင့် တွေ့ဆုံကာ ယခုရာသီကုန်မှစပြီး အသင်းသံတမန်အဖြစ်မှ ရပ်စဲပြီး (၃၈)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လစာပေးချေတော့မည်မဟုတ်ဟု အသိပေးခဲ့ကြောင်း သိရသည်။
Ineos ပိုင်ရှင် ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ရှယ်ယာ(၂၅) ရာခိုင်နှုန်းကို ဝယ်ယူပြီးကတည်းက အသင်းအသုံးစရိတ်ကို လျှော့ချရန်ကြိုးပမ်းခဲ့ပြီး ဝန်ထမ်း(၂၅၀) ကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ယခုအခါ အသုံးစရိတ်လျှော့ချသည့်အနေဖြင့် ဂန္ထဝင်နည်းပြ ဖာဂူဆန်ကိုပါ ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို မန်ယူကစားသမားဟောင်းများကဝေဖန်ခဲ့ကြပြီး ယခုအခါ ကန်တိုနာကပါ ဝေဖန်ခဲ့ခြင်းလည်း ဖြစ်သည်။ ကန်တိုနာက "ဖာဂူဆန်က မန်ယူအသင်းမှာ သူသေတဲ့နေ့အထိ လုပ်ချင်တာကို လုပ်ခွင့်ရသင့်တယ်။ ဒါက လေးစားမှုမရှိတဲ့ လုပ်ရပ်ပဲ။ ဒါ လုံးဝအပြစ်တင်သင့်တဲ့ လုပ်ရပ်ပါပဲ။ ဖာဂူဆန်က ကျွန်တော့်ရဲ့ထာဝရဘော့စ်ပါ။ အခုလိုလုပ်တဲ့သူတွေအားလုံးကို မစင်ထုတ်ကြီးနဲ့ ပစ်ပေါက်ချင်ပါတယ်"ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
