မန်ယူအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီကို အငှားချခြင်း သို့မဟုတ် ရောင်းထုတ်ခြင်းပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် အန်တိုနီ (၂၄ နှစ်)ကို ၂၀၂၂ နွေရာသီတွင် အေဂျက်စ်အသင်းထံမှ ယူရို(၉၅)သန်းဖြင့် ခေါ်ယူခဲ့သော်လည်း အသင်းတွင် မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အန်တိုနီကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်တို့အပြင် နယ်သာလန်ကလပ်အသင်းဖြစ်သည့် အသင်းဟောင်း အေဂျက်စ်နှင့် ဘရာဇီးလ်ကလပ်များက စိတ်ဝင်စားနေကြောင်း သိရသည်။
အန်တိုနီသည် မန်ယူအသင်းတွင် ပြိုင်ပွဲစုံ(၈၆)ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
အန်တိုကို ရောင်းချရန် မန်ယူပရိသတ်များကလည်း အလိုရှိနေပြီး ၎င်းသည် ပေးရသည့်စျေးသည့်ထိုက်တန်သည့်ခြေစွမ်း ပြနိုင်ခြင်းမရှိသူဟု ဝေဖန်မှုများလည်းရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
