မြို့တော် ပြုံယမ်းဝေဟင်ကို ဒရုန်းများ ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယားကို မကျေနပ်ကြောင်းပြသည့် အေနဖြင့် မြောက်ကိုရီးယားသည် တစ်ချိန်က တောင်ကိုရီးယားနှင့် အဆက်အသွယ်ပြုခဲ့ပြီး လက်ရှိတွင် အသုံးပြုတော့ခြင်းမရှိသည့် ၎င်းတို့ဘက်အခြမ်းရှိ ကားလမ်းနှင့် ရထားလမ်းပိုင်းများကို အင်္ဂါနေ့တွင် ဖောက်ခွဲပစ်ခဲ့ကြောင်း သိရသည်။
လမ်းများကို ဖောက်ခွဲခဲ့ခြင်းသည် တောင်ကိုရီးယားကွန်ဆာဗေးတစ်အစိုးရကို မြောက်ကိုရီးယား၏ ဒေါသကို ပြလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနှင့် ဆက်ဆံရေးကို ဖြတ်တောက်ကာ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ကို စွန့်လွှတ်မည်ဟု ကတိပြုခဲ့သည်။
လေ့လာသူများကမူ သာလွန်သော စစ်အင်အားရှိသော အမေရိကနှင့် တောင်ကိုရီးယားတို့က ကြီးမားစွာ လက်တုန့်ပြန်လာလျှင် ပြုံယမ်းသည် အန္တရာယ်ရှိလာနိုင်သောကြောင့် ကင်မ်သည် တောင်ကိုရီးယားကို စတင်တိုက်ခိုက်လာဖွယ်မရှိဟု တွက်ဆထားကြသည်။
လမ်းဖောက်ခွဲမှုများကို တုန့်ပြန်သည့်အနေဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ ၎င်းတို့ဘက်ခြမ်းအတွင်း၌ စစ်တပ်က သတိပေးပစ်ခတ်မှုများလုပ်ခဲ့ကာ ၎င်းတို့၏ အသင့်ဖြစ်မှုနှင့် ထောက်လှမ်းစောင့်ကြည့်မှုအနေအထားကို မြှင့်တင်ထားသည်ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များရုံးက သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့သော်လည်း သတိပေးပစ်ခတ်မှုများသည် မြောက်ကိုရီးယားဘက်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်လာမှုများကို ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။
Ref: အေဘီစီနူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
