ဘောလုံးလောကတွင် ပွဲစဉ်များ အဆမတန်များပြားလာခြင်းကြောင့် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဥရောပထိပ်တန်းလိဂ် (၅)ခု၌ ကစားသမားများ ဒဏ်ရာရရှိမှု စံချိန်တင်ခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ဥရောပထိပ်တန်းလိဂ် (၅) ခု(ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူး-၁) တွင် ကစားသမားများ ဒဏ်ရာရရှိမှု (၄၁၂၃) ကြိမ်အထိ ရှိခဲ့သည်။ ယင်းပမာဏမှာ ၂၀၂၂-၂၃ ရာသီကထက် (၄) ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းဖြစ်ပြီး ယင်းဒဏ်ရာရရှိမှု (၄၁၂၃) ကြိမ်တွင် ပရီးမီးယားလိဂ်က (၄၄) ရာခိုင်နှုန်း အထိ ပါဝင်ခဲ့ကြောင်း သိရသည်။
သို့သော် ကမ္ဘာ့အာမခံအဖွဲ့ Howden ၏ ဥရောပဘောလုံးဒဏ်ရာရရှိမှုညွှန်းတမ်းအရ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ကစားသမားများ ဒဏ်ရာရရှိမှုမှာ ၂၀၂၂-၂၃ ရာသီနှင့် နှိုင်းယှဉ်လျှင် (၃) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်ရာသီက ပျမ်းမျှ (၉၄) မိနစ်လျှင် ကစားသမားတစ်ယောက် ဒဏ်ရာရရှိသည့် ပြဿနာနှင့် ကြုံတွေ့ခဲ့ရကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ဒဏ်ရာပြဿနာနှင့် အများဆုံးရင်ဆိုင်ခဲ့ရသည့် အသင်းများမှာ နယူးကာဆယ် (၇၆ ကြိမ်)နှင့် မန်ယူ (၇၅ ကြိမ်)ဖြစ်ပြီး ဝုလ်ဗ် (၃၂ ကြိမ်)နှင့် ဖူလ်ဟမ် (၂၇ ကြိမ်)တို့မှာ အနည်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ကလပ်အသင်းများသည် ပြီးခဲ့သည့်ရာသီက ဒဏ်ရာရကစားသမားများအတွက် လစာ ပေါင် (၂၆၆) သန်းအထိ အသုံးပြုခဲ့ရကြောင်းလည်း အဆိုပါစစ်တမ်းက ဖော်ပြခဲ့သည်။
Howden မှ ဘောလုံးအကြီးအကဲဖြစ်သူ ဂျိမ်းစ်ဘာရိုးလ်က "၂၀၂၃-၂၄ Howden ရဲ့ ဥရောပဘောလုံးဒဏ်ရာရရှိမှုညွှန်းတမ်းအရ ဘောလုံးသမားတွေအတွက် ကာယပိုင်းတောင်းဆိုမှုတွေ ပိုမြင့်မားလာပါတယ်။ ပွဲစဉ်တွေများလာတာနဲ့အမျှ ကစားသမားတွေ ဒဏ်ရာကြောင့် အနားပိုယူရတာကို မြင်တွေ့လာရမှာဖြစ်ပြီး ဒီရာသီမှာ (၅) ရာခိုင်နှုန်းတိုးလာပါလိမ့်မယ်"ဟု ဆိုခဲ့သည်။
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ကလပ်များထဲတွင် ဒဏ်ရာရကစားသမားများအတွက် မန်ယူအသင်းက ငွေကြေးအများဆုံးသုံးခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
