ချယ်လ်ဆီးအားကစားဒါရိုက်တာများက အသင်းပိုင်ရှင် တော့ဒ်ဘိုလီလက်ထက် အပြောင်းအရွှေ့ပေါ်လစီနှင့်ပတ်သက်ပြီး ဝေဖန်မှုများကို ကာကွယ်ခဲ့ပြီး ယင်းပေါ်လစီမှာ ဆုဖလားများ ဆက်တိုက်ရရှိအောင်ကူညီနိုင်မည်ဟု ပြောကြားခဲ့သည်။
တော့ဒ်ဘိုလီ ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၂ မေလတွင် ချယ်လ်ဆီးအသင်းကိုဝယ်ယူပြီးနောက် ပေါင် (၁.၁၅) ဘီလီယံဝန်းကျင်အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူခဲ့သည်။ ထို့ပြင် တော့ဒ်ဘိုလီလက်ထက်တွင် ချယ်လ်ဆီးအသင်းသည် ကစားသမားများကို ကာလရှည်စာချုပ်များ ချုပ်ဆိုခဲ့သည်။
လက်ရှိချယ်လ်ဆီးကစားသမားများအားလုံး၏ စာချုပ်သက်တမ်းမှာ (၁၉၁)နှစ်ထိ ရှိပြီး အခြားအသင်းများထက် စာချုပ်သက်တမ်း (၂)ဆနီးပါး များနေကြောင်း သိရသည်။ ယင်းအတွက် ဝေဖန်မှုများရှိနေ ရာ ချယ်လ်ဆီးအားကစားဒါရိုက်တာများဖြစ်သည့် ဝင်စတန်လေနှင့် စတီးဝပ်စ်တို့က ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝင်စတန်လေက "ရှေ့ရေးအတွက် သေချာစဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပေါ်လစီက အလုပ်ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုလိုလုပ်နေတာတွေက အနာဂတ်မှာ ဖလားတွေဆက်တိုက်ရယူဖို့ပါ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဘောလုံးမှာ သူများမလုပ်ဖူးတာကို လုပ်ချင်ပြီး အလုပ်ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
