၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လအတွင်း ပြည်ပကုန်သွယ်သွယ်မှုပမာ ဒေါ်လာ သန်း ၂၁၇၀ ကျော်ရှိပြီး ယခင် နှစ်ကာလတူထက် ဒေါ်လာ ၃၈၀ ကျော်ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၈၀ ကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၁၇၈ ဒသမ ၈၆၀ သန်းရရှိထားသည်။
သို့သော် ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၁၇၈၉ ဒသမ ၂၇၀ သန်း အထိသာ ရရှိထားသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈၉ ဒသမ ၅၉၀ သန်းအထိ ပိုမိုရရှိ ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လအတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ကဏ္ဍမှ ရရှိသောဝင်ငွေသည် ဒေါ်လာ ၉၄၈ ဒသမ ၁၀၄ သန်းကျော်သာရရှိထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ၁၂၃၀ ဒသမ ၇၅၆ သန်းအထိ တင်သွင်းထားသည့်အတွက် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၈၂ ဒသမ ၆၅၂ သန်းအထိ ရှိနေကြောင်း သိရသည်။
၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ (Mini Budget) ကာလအတွင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံခန့်အထိ စံချိန်တင်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာနှစ်ဘီလျံကျော် ကုန်သွယ်မှုပိုမိုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ခြောက်လတာကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၄ဘီလျံရရှိခဲ့ပြီး အဆိုပါ ကာလအတွက် ကုန်သွယ်မှုပမာဏ လျာထားချက်သည် ဒေါ်လာ ၁၃ ဒသမ ၇ ဘီလျံဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကာ ၁၃၃ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် (Mini Budget) အတွင်း ပို့ကုန်တင်ပို့နိုင်မှုကိုလေ့လာကြည့်ပါက ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရေထွက်ပစ္စည်းတင်ပို့မှုတွင်လည်း တန်ဖိုး ဒေါ်လာ၂၉၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာခုနစ်သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ် ရေထွက်ပစ္စည်းတင်ပို့မှု ပိုမိုတိုးတက်လာခဲ့ကြောင်း သိရသည်။
ထို့အတူ သွင်းကုန်တင်သွင်းမှုအနေဖြင့် ခြောက်လအတွင်း ဒေါ်လာ ၉ ဒသမ၈ ဘီလျံ တင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရသည်။
အဓိကအားဖြင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စက်သုံးဆီအပါအဝင် ရေနံထွက်ပစ္စည်း၊ စက်နှင့်စက်ပစ္စည်းများ၊ ကုန်ကြမ်းနှင့် စိုက်ပျိုးရေးသွင်းအားစု၏ အဓိက လိုအပ်ချက်ဖြစ်သည့် ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းလာကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလို ငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိက ကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များပို့ကုန် စျေးကွက် တိုးချဲ့တင်ပို့နိုင်ရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
