Top News

ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ အခွန် ကျပ် ၂၅၉၆ ဘီလျံကျော် ကောက်ခံခဲ့ပြီး လျာထားချက်ထက်ကျော်လွန်ကာ ၁၂၃ ဒသမ ၆၃ ရာခိုင်နှုန်းရရှိ
24htopnews | October 17, 2024 11:12 AM CST

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၂၅၉၆ ဒသမ ၂၆၉ ဘီလျံဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကာ ၁၂၃ ဒသမ ၆၃ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကာလအတွင်း အခွန် ကျပ် ၂၀၅၄ ဘီလျံဝန်းကျင် ကောက်ခံရန် မျှော်မှန်ထားခြင်းဖြစ်ပြီး ယခုစက်တင်ဘာလကုန်အထိ ကျပ် ၂၅၉၆ ဘီလျံကျော် ကောက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၄၉၇ ဒသမ ၇၉၃ ဘီလျံ၊ သမဝါယမ ကဏ္ဍမှ ကျပ် ၀ ဒသမ ၅၂၆ ဘီလျံနှင့် ပုဂ္ဂ လိကကဏ္ဍမှ ကျပ် ၂၀၉၇ ဒသမ ၉၅၀ ဘီလျံ ပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ အခွန်တစ်မျိုးခြင်း ကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၉၈၄ ဒသမ ၇၇၀ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၉၂၇ ဒသမ ၀၁၁ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၆၀၄  ဒသမ ၉၂၆ ဘီလျံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၂၉ ဒသမ ၃၃၉ ဘီလျံ၊ အောင်ဘာလေ သိန်းဆုခွန် ၅၀ ဒသမ ၂၂၃ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလအတွင်း အခွန်အရပ်ရပ်စုစုပေါင်း ကျပ် ၂၇၉၂ ဘီလျံကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၈၆၃ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၆၉၂ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၄၃၁ ဘီလျံ၊ တံဆိပ် ခေါင်းခွန်မှ ၂၇ ဒသမ ၉၈ ဘီလျံ၊ အောင်ဘာလေ သိန်းဆုခွန်မှ ကျပ် ၄၀ ဘီလျံအထိရရှိရန် မျှော်မှန်းထားကာ ယခုလျာထားချက်ထက် ၂၃ ဒသမ ၆၃ ရာခိုင်နှုန်း ပိုမိုကောက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၄ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၅၄၆ ဘီ လျံ (ပြုပြင်ပြီးခန့်မှန်းခြေ) ဖြစ်ပြီး ခြောက်လတာကြားကာလဖြစ်သော ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံကောက်ခံရန် ခန့်မှန်းထားသည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုးမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း (မူလခန့် မှန်းခြေ)၊ ၂၀၁၈ ဧပြီ -စက်တင်ဘာ ကြားကာလတွင်  ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလ ခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှု မြင့်တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီ အချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလတွင် ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ဝင်ငွေခွန် ကျပ် ၂၃၂၄ ဒသမ ၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၂၂ ဒသမ ၈ ဘီလျံ၊ အထူးကုန်စည် ခွန် ကျပ် ၁၃၉၁ ဒသမ ၄ ဘီလျံကောက်ခံရန် လျာထားကြောင်း သိရသည်။                                        


READ NEXT
Cancel OK