Top News

မြန်​မာနိုင်​ငံအနှံ့အပြားရှိ ဘုရား​စေတီများတွင်​ စက်​​ရွှေဆိုင်​းမသုံးဘဲ မျက်​ပါးရပ်​ လက်​​ခတ်​​ရွှေဆိုင်းများကိုသာ အသုံးပြုရန်​ ​​ရွှေဆိုင်​းလုပ်​ငန်​းရှင်​များက မေတ္တာရပ်​ခံသွားမည်​ဟုဆို
24htopnews | October 17, 2024 11:12 AM CST

မန္တလေးမြို့ မျက်ပါးရပ်ရှိ ရွှေဆိုင်းလုပ်ငန်းများမှာ လက်ရှိတွင် စျေးကွက်အတွင်း၌ စက်​​ရွှေဆိုင်းများနှင်စျေးနှုန်းယှဉ်ပြိုင်ရလျက်ရှိကာ စျေးနှုန်းကွာဟမှုကြောင်လက်​​ရွှေဆိုင်း လုပ်ငန်းရှင်များ အခက်အခဲဖြစ်​​ပေါ်လျက်ရှိပြီး လက်​​ရွှေဆိုင်းလုပ်ငန်းများရေရှည်ရပ်တည်နိုင်ရန် နိုင်ငံအနှ့ံအပြားရှိ ဘုရားစေတီများတွင် လက်​​ရွှေဆိုင်းကိုသာ အသုံးပြုရန် မေတ္တာရပ်ခံသွားမည်ဖြစ်​​ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်ခန့်မှ စတင်ကာ စက်ရွှေ ဆိုင်းလုပ်ငန်းများပေါ်ပေါက်လာပြီး စျေးကွက်တွင် ယှဉ်ပြိုင်ရမှုများရှိလာကာ လက်​​ရွှေဆိုင်းလုပ်ငန်းများအနေဖြင့် ရပ်တည်ရန်ခက်ခဲလာသည့်ကြားမှ တန်ခိုးကြီးဘုရားများတွင် ရွှေဆိုင်းတင်ဒါများခေါ်ယူရာ၌ စက်​​ရွှေဆိုင်းများကိုပါ တင်ဒါခေါ်ယူ အသုံးပြုမှုများရှိသည့်အတွက် လက်​​ရွှေဆိုင်းလုပ်ငန်းရှင်များအနေဖြင့် မန္တလေးမြို့တွင် ဆန္ဒထုတ်​​ဖော်​​တောင်းဆိုမှုများပြုလုပ်ခဲ့ရကာ ဆက်လက်၍ လက်​​ရွှေဆိုင်များကိုသာ အသုံးပြုပေးရန် မေတ္တာရပ်ခံဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်​​ကြောင်း သိရသည်

“ကျွန်​​တော်တို့တွေ စက်​​ရွှေဆိုင်းလုပ်ငန်းတွေကို ကန့်ကွက်​​နေတဲ့ကြားကနေ အခုစိတ်ကောင်းစရာ တစ်ခုကြုံရတယ်။ ဘာလဲဆိုတော့ ပုသိမ်ရွှေမုဋ္ဌောဘုရား ရွှေဆိုင်းတင်ဒါခေါ်တဲ့ ကြေညာစာမှာ စက်ရွှေဆိုင်း သီးသန့်ပဲခေါ်တာကိုတွေ့ရတယ်ဂေါပကကိုယ်တိုင်က စက်​​ရွှေဆိုင်းလို့ နာမည်တပ်ပြီး တင်ဒါခေါ်ယူတာကိုတွေ့ရတယ်ရွှေတိဂုံစေတီတော်မြတ်ကြီး တင်ဒါတောင်မှ စက်​​ရွှေဆိုင်းလို့ နာမည်မတပ်ဘဲ စျေးပြိုင်​​ရွှေဆိုင်းတင်ဒါလို့ပဲ သုံးခဲ့တာပါ။ ဒါလက်မှုရွှေဆိုင်းကို တစ်ပြည်လုံးသိဖို့ဆောင်ရွက်​​နေတဲ့အချိန်မှာ အခုလိုမျိုး ကြုံရတဲ့အတွက် လက်မှုရွှေဆိုင်းတွေအတွက် များစွာဝမ်းနည်းစရာ ကောင်းပါတယ်။ ဒါကြောင့် အခုကိစ္စကို ကျွန်​​တော်တို့တွေအနေနဲ့ သက်ဆိုင်ရာဂေါပကကိုလည်မေတ္တာရပ်ခံစာပို့သွားမှာဖြစ်သလို သက်ဆိုင်ရာတိုင်ဒေသကြီးအစိုးရ အဖွဲ့ဆီကိုလည်း စာပို့သွားမယ်နောက်ထပ်နေနဲ့ လက်မှုရွှေဆိုင်းကိုလည်း မြန်မာနိုင်ငံအနှံ့က ဘုရားတွေ တင်ဒါခေါ်ယူတဲ့အခါ ပါဝင်​​စေဖို့ကိုလည်း စာတင်သွားဖို့ရှိပါတယ်”ဟု အောင်တံခွန်ရွှေဆိုင်းလုပ်ငန်းမှ ကိုဇော်မင်းအောင်က ဆိုသည်။

စက်ဖြင့်ပြုလုပ်သည့် ရွှေဆိုင်းများမှာစျေးကွက်တွင် ရွှေဆိုင်းတစ်ချပ်လျှင် ကျပ် ၅၀၀၀ ခန်လျော့နည်းပြီး ရွှေဆိုင်းအချပ်ရေအတွက်များစွာ ဝယ်ယူပါက ပိုမိုစျေးလျှော့ပေးနိုင်ခြင်းများရှိပြီး အရည်အသွေး၊ အရောင် နှင်​​ရွှေဆိုင်းတစ်ချပ်​​ရွှေပါဝင်နှုန်းမှာ လက်မှုရွှေဆိုင်းကို မမီကြောင်း သိရသည်။ လက်မှုရွှေဆိုင်းများမှာ ရိုးရာလုပ်ငန်းအဖြစ် လူအင်အားနှင့် အဆင့်ဆင့်အသေးစိပ်ပြုလုပ်ရခြင်းကြောင့် ကုန်ကျစရိတ်များပြားသည့်အတွက် စက်ဖြင့်ပြုလုပ်သည့် ရွှေဆိုင်းကို စျေးကွက်မယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် လက်ခတ်ရွှေဆိုင်းလုပ်ငန်းများ မတိမ်​​ကောရန်နှင့် အရှည်တည်တံ့ရန်ရည်ရွယ်၍ ​​ရွှေဆိုင်းထုတ်လုပ်ပုံအဆင့်ဆင့်ပြပွဲနှင့် မြန်မာ့လက်မှုရွှေဆိုင်း လုပ်ငန်းအကြောင်ဟောပြောဆွေးနွေးပွဲကို မန္တလေးမြို့တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်

မန္တလေးမြို့တွင် ရွှေဆိုင်းလုပ်ငန်းများ လုပ်ကိုင်​​သော မျက်ပါးရပ်ရပ်ကွက်မှာ မင်းတုန်းမင်းလက်ထက်ကတည်းက ရွှေမျက်ပါး ခတ်ပညာရှင်များအား နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး အစဉ်အဆက်​​ဆောင်ရွက်​​နေဆဲဖြစ်ကာ လက်ရှိတွင် အရင်ထက် လုပ်ကိုင်သူ ဦးရေမှာလျော့နည်းသွားကြောင်း သိရသည်။

 


READ NEXT
Cancel OK