မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားတို့ကို ဆက်သွယ်ထားသော အထိမ်းအမှတ်ကားလမ်းများ၏ လမ်းပိုင်းများကို အောက်တိုဘာ ၁၅ ရက်တွင် ဖောက်ခွဲခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး တုံ့ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏အဓိက ရန်သူဖြစ်သည်ဟု မြောက်ကို ရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ကြေညာခဲ့ပြီးနောက် ပြုံယမ်းသည် ၎င်း၏တောင်ပိုင်းနယ်စပ်တွင် မိုင်းများထောင်ခြင်း၊ တင့်ကားဖျက်အတားအဆီးများကို တည်ဆောက်ခြင်းတို့အား လပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် ယင်းနယ်စပ်ကို အမြဲတမ်းပိတ်ထားမည်ဟု လွန်ခဲ့သော သီတင်းပတ်တွင် မြောက် ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ၀ါဒဖြန့်စာစောင်များ ကြဲချရန်အတွက် မြောက်ကိုရီးယား၏ ပြုံယမ်းမြို့တော်ပေါ်သို့ ဒရုန်းများစေလွှတ်ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီး နောက်တစ်ကြိမ် ဒရုန်းများကိုတွေ့ရှိခဲ့ မည်ဆိုပါက စစ်ကြေညာမှုအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်က စွပ်စွဲခဲ့သည်။
မြောက်ကိုရီးယားက နယ်စပ်ဒေသအနီးသို့ စစ်သားများ ဖြန့်ကြက်ချထားခဲ့ပြီး ပစ်ခတ်ရန် အသင့်ပြင်ထားရန် အမိန့်ပေးထားကြောင်း အောက်တိုဘာ ၁၃ ရက်က ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်ကလည်း ထိုအခြေအနေကို အပြည့်အဝတုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားကမူ ထိုဒရုန်းများလွှတ်တင်မှုအတွက် တောင်ကိုရီးယားအစိုးရကို တိုက်ရိုက်အပြစ်တင်ခဲ့ပြီး စစ်ပွဲအတွက် အမြောက်တပ်မဟာရှစ်ခုကို ပစ်ခတ်ရန် အသင့်ပြင်ထားရန် အမိန့်ပေးခဲ့ပြီး ပြုံယမ်းမြို့တော်တွင် လေကြောင်းရန် စောင့်ကြည့်ရေး ကင်းစခန်းများကို အင်အားတိုးမြှင့်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားက စစ်ရေးပိုင်းခြား မှုမျဉ်းကြောင်းတွေရဲ့မြောက်ပိုင်းကကား လမ်းတွေဖြစ်တဲ့ ဂျောင်ဂျီလမ်းပိုင်းနဲ့ဒေါင်း ဟေးလမ်းပိုင်းတို့ကို ဖောက်ခွဲခဲ့ပါတယ်”ဟု တောင်ကိုရီးယား ဒုတိယကာကွယ်ရေးဦးစီးချုပ်က တစ်ခါက နှစ်နိုင်ငံဆက်သွယ်ထားသော ကိုရီးယားနှစ်နိုင်ငံကားလမ်းကို ရည် ညွှန်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့စစ်တပ်ကို ထိခိုက်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေက စစ်ရေးပိုင်းခြားမှု မျဉ်းရဲ့တောင်ဘက်ကဒေသတွေမှာ တန်ပြန်ပစ်ခတ်တာကို လုပ်ဆောင်ခဲ့ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြော ကြားခဲ့သည်။
အဆိုပါ ကားလမ်းများကို ပိတ်ထားသည်မှာကြာပြီဖြစ်သော်လည်း ယင်းကားလမ်းများကို ဖျက်ဆီးပစ်ခြင်းက ကင်အနေဖြင့် တောင်ကိုရီးယားနှင့်စေ့စပ်ဆွေးနွေးမှုလုပ်ရန် ပြင်ဆင်မထားဆိုသည်ကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
“ဒါဟာ မြောက်ကိုရီးယားက မကြာခဏပြောနေတဲ့ ရန်လိုတဲ့နှစ်နိုင်ငံစနစ်နဲ့ သက်ဆိုင်တဲ့လက်တွေ့စစ်ရေး အစီအမံဖြစ်ပါတယ်”ဟု ဆိုးလ်မြို့ရှိ မြောက်ကိုရီးယား စာပေလေ့လာမှုတက္ကသိုလ်၏ဥက္ကဋ္ဌရန်မို ဂျင်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
