Top News

ဆာအဲလက်စ်ဖာဂူဆန်အား မန်ယူအသင်း၏အဝတ်လဲခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ကြောင်း Daily Mail ဖော်ပြ
24htopnews | October 17, 2024 1:12 PM CST

 

မန်ယူအသင်း၏ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်သည် အသင်းဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် အသင်း၏ဘောလုံးဘုတ်အဖွဲ့အား အိုးလ်ထရက်ဖို့ဒ်တွင် အသင်း၏အဝတ်လဲခန်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။ 

ဆာဂျင်ရက်ကလစ်ဖ်သည် အသင်း၏အသုံးစရိတ်ကို လျှော့ချသည်ဟုဆိုကာ ဖာဂူဆန်အား အသင်း၏ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်မှ ယခုရာသီကုန်တွင် ဖယ်ရှားရန် အံ့အားသင့်ဖွယ်ဆုံးဖြတ်ခဲ့သည်။ 

ယခုအခါ Daily Mail ၏ဖော်ပြချက်အရ ရက်ကလစ်ဖ်သည် အသင်း၏သမိုင်းအစဉ်အလာကို ဆန့်ကျင်ကာ အသင်း၏အအောင်မြင်ဆုံးနည်းပြ ဖာဂူဆန်အား အသင်းအဝတ်လဲခန်းသို့ ဝင်ရောက်ခြင်းမပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူနည်းပြဟောင်းနှင့် ဘောလုံးဘုတ်အဖွဲ့ဝင်များသည် အသင်းအဝတ်လဲခန်းထဲသို့ ဆာမတ်စ်ဘက်စ်ဘီလက်ထက်ကတည်းက ဝင်ရောက်လေ့ရှိပြီး ဖာဂူဆန်နှင့် လက်ရှိမန်ယူဘောလုံးအဖွဲ့ဝင်များဖြစ်သည့် ဒေးဗစ်ဂီးလ် နှင့် အက်ဒယ်ဆန်တို့မှာလည်း အခါသင့်သလို အသင်းအဝတ်လဲခန်းသို့ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ 

ယခုအခါ ဆာဂျင်ရက်ကလစ်ဖ်က အသင်း၏ပေါ်လစီကို အပြောင်းအလဲပြုလုပ်သည်ဟုဆိုကာ ဖာဂူဆန်နှင့် အသင်းဘောလုံးအဖွဲ့ဝင်များကို အသင်းအဝတ်လဲခန်းအတွင်း ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK