အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြင်းစီးတန်းခုန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကျော်ဝဏ္ဏအောင် ဝင်ရောက်ယှဉ်ပြိုင်ရာ စတုတ္ထဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား နိုင်ငံပေါင်း(၁၁)နိုင်ငံမှ ပြိုင်ပွဲဝင်ပေါင်း(၁၂)ဦးဝင်ရောက်ယှဉ်ပြိုင်သည့်အနက် ကျော်ဝဏ္ဏအောင်က တန်းအားလုံးလွတ်မြောက်၍ စံချိန် ၈၉ ဒဿမ ၆၆စက္ကန့်ဖြင့် စတုတ္ထအဆင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကျော်ဝဏ္ဏအောင်အနေဖြင့် ပထမဆုံးအလှည့်ကျ ယှဉ်ပြိုင်ရသူဖြစ်ပြီး၊ တန်းခုန်ပြိုင်ပွဲများ၏ထုံးစံအတိုင်း ပထမအကျော့ယှဉ်ပြိုင်မှုတွင် တန်းအလွတ်ကိုသာ အဓိကထားရသည့်အတွက် နောက်ဆုံးမှယှဉ်ပြိုင်ရသူ ဟောင်ကောင်နိုင်ငံမှကစားသမားထက် စက္ကန့်အနည်းငယ်နောက်ကျရခြင်းကြောင့် စတုတ္ထနေရာသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ထံမှ သိရသည်။
ထို့အပြင် မြင်းစီးအား ကစားသမား ကျော်ဝဏ္ဏအောင်အနေဖြင့် မိမိနှင့်တသားတည်းလေ့ကျင့်ထားသော မြင်းနှင့်ယှဉ်ပြိုင်ရခြင်းမဟုတ်ဘဲ အိမ်ရှင်အိန္ဒိယနိုင်ငံမှ ပေးအပ်သည့်မြင်းနှင့် အချိန်တိုအတွင်းလေ့ကျင့်၍ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် ပထမအကျော့၊ ဒုတိယအကျော့ (၂)ကြိမ် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် အိန္ဒိယနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံတွင် ယခုလ အောက်တိုဘာ ( ၁၂)နှင့် (၁၃)တို့တွင် အာရှမြင်းစီးအားကစားအဖွဲ့ချုပ် ဒေသန္တရအုပ်စု(၃) ဆိုင်ရာ အသက် (၂၁) နှစ်အောက် မြင်းစီးတန်းခုန် ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
