စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး(၅၀၀၀)ပူဇော်ပွဲ၊ စတုဒီသာပွဲနှင့် မီးပုံးပျံများလွှတ်တင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
“ဗုဒ္ဓဘာသာမြန် မာလူမျိုးတွေဖြစ်တာနဲ့အညီ ဘာသာတရားကို ကိုးကွယ်ယုံကြည်မှု ရှိသူများဖြစ်ပါတယ်။အောက်တိုဘာလ (၁၇) ရက်မှာ ကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီ ပုထိုးတွေမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လို့ မီးထွန်းညှိပူဇော်တာတွေပြုလုပ်ကြမှာဖြစ်ပါတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
သီတင်းကျွတ် လပြည့်နေ့ ညနေ (၅)နာရီတွင် စတုဒီသာကျွေးမွေးလှုဒါန်းမည်ဖြစ်ပြီး ဆီမီး (၅၀၀၀) ထွန်းညှိပူဇော်ပွဲကို မုံရွာမြို့ ရွှေစည်းခုံဘုရားနှင့် ဆုတောင်းပြည့်ဘုရားကြီးအတွင်းစုပေါင်းပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ည(၆)နာရီခန့်တွင် မုံရွာမြို့၊ ကန်သာယာ ဝန်းကျင်တွင် မီးပုံးပျံအကြီး၊ အသေးအစုံဖြင့် သီတင်းကျွတ်ညအလှဆင်ကြမည်ဖြစ်ကြောင်း မုံရွာခရိုင်ပြန်ကြားရေးတာဝန်ရှိသူထံကသိရသည်။
သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများအား မီးထွန်းညှိပူဇော်ပွဲများကျင်းပရန် အောက်တိုဘာလ (၁၀)ရက်က မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
