သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသေးသည့် အိမ်ထောင်စုများနှင့် မပြီးစီးသေးသော ဒေသများကို ရက်တိုးကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ကျန်ရှိနေသေးသည့်ကောက်ကွက်အိမ်ထောင်စုများနှင့် ဒေသများကို ဆက်လက်ကောက်ခံခြင်း ဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ခံရန် ကျန်နေသေးသည့် ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ဒေသများတွင်ရှိသည့် သန်းခေါင်ရင်း ကော်မတီထံ ဆက်သွယ်ပေးရန်နှင့် ဆက်သွယ်လာသူများကို ပြန်လည် စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကလည်း အောက်တိုဘာ (၁၆) ရက်က ထုတ်ပြန်ထားသည်။
(၁၀) နှစ်တစ်ကြိမ် ကောက်ယူသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတစ်ဝန်းရှိ ခန့်မှန်းအိမ်ထောင်စု (၁၃)သန်းနီးပါးက ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်ကို ကောက်ကွက်ပေါင်း (၁)သိန်းကျော်ဖြင့် ကောက်ယူသူအင်အား (၄၀၀၀၀)ခန့်ကို အသုံးပြုပြီး စာရင်းကောက်ယူနေကြောင်းလည်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်ထံမှ သိထားရသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ကောက်ယူရာတွင်လည်း အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈) ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း (၁၈) တို့ကို မေးမြန်းကောက်ယူနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
