ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့အောက်တိုဘာ (၁၆)ရက် ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ (၂) ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်းသည့် နိဗ္ဗာန်ဈေးတန်းများ၊ မီးအလှဆင်ရုပ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လူသုံးကုန်၊ စားသုံးကုန်နှင့် စိုက်ပျိုးရေး/ မွေးမြူရေးထုတ်ကုန် တိုက်ရိုက်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး နိဗ္ဗာန်ဈေးများ၊ ဈေးရောင်းပွဲတော် အရောင်းဆိုင်ခန်းများ၊ သီတင်ကျွတ်အထိမ်းအမှတ် ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကလေးကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
