Top News

ထားဝယ်မြို့တွင် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအတွင်း လက်လုပ်ဗုံးများ တွေ့ရှိရသောကြောင့် ရွေးကောက်ပွဲရက်၌ လုံခြုံရေးတင်းကြပ်ထား
24htopnews | October 17, 2024 4:12 PM CST

တနသာင်္ရီတိုင်​း​ဒေသကြီး ထားဝယ်​မြို့တွင်​ ​ရွေး​ကောက်​ပွဲမတိုင်​မီ ရက်​ပိုင်​းအတွင်​း လက်​လုပ်​ဗုံးများ​ တွေ ့ရှိရသော​ကြောင်​့ ယင်​းသို့ ထပ်​မံမဖြစ်​​စေရန်​​ ရွေး​ကောက်​ပွဲရက်​တွင်​လုံခြုံ​ရေး တင်​းကြပ်​ထား​ကြောင်​း တိုင်း​ဒေသကြီးအစိုးရအဖွဲ့  လုံခြုံ​ရေးနှင်​့ နယ်​စပ်​​ရေးရာဝန်​ကြီးက​ ပြောကြားသည်​။

နိုဝင်ဘာ ၅ ရက်​​က ​ထားဝယ်မြို ့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ တံတားထိပ်အနီး လမ်းနံဘေးခြုံအတွင်း၌ ပုလင်းနှင့်ဖုန်းကို ဝါယာကြိုးဖြင့် ဆက်ထားသော အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသည်​့ မ​ပေါက်​ကွဲ​သေး​သော လက်​လုပ်​မိုင်​းတစ်​ခုကို​ တွေ ့ရှိပြီး​နောက်​ ​ရွေး​ကောက်​ပွဲရက်​တွင် ယင်​းသို့ထပ်​မံ မဖြစ်​ပွား​စေရန်​ လုံခြုံ​ရေး ပိုမိုတိုးမြှင်​့ထား​ကြောင်​း၊ လက်​ရှိတွင်​ တရားခံကို ဖမ်​းဆီးရမိထားပြီး ဖြစ်သော်​လည်​း လုံခြုံ​ရေးအ​ခြေအ​နေအရ အ​သေးစိတ်​ချပြ၍ မရ​သေး​ကြောင်​း တိုင်​း​ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင်​့ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး ​ကျော်​​ဇေယျက​ ပြောကြားသည်​။

"​လော​လောဆယ်​​တော့​ ရွေး​ကောက်​ပွဲကိစ္စနဲ့ လုံးပမ်​း​နေတယ်​။ (ဗုံး​ထောင်​သူ ဖမ်​းမိထားခြင်​းနှင်​့ ပတ်​သက်၍) စီစဉ်​​နေတယ်​၊ စိတ်​မပူနဲ့၊ ကျွန်တော်တို့အားလုံး မိ​အောင်​​တော့ လုပ်​ထားပါတယ်​။ အဲလိုဖြစ်​စဉ်​ မဖြစ်​​အောင်​ပိုပြီး ကြပ်​မတ်​နေတယ်​။ ကျွန်တော်တို့ကြိုပြီး​တော့ မိလိုက်​တဲ့အတွက်​လည်​း အဆင်​​ပြေသွားတာ​ပေါ့ဗျာ။ ငြိမ်​းငြိမ်​းချမ်​းချမ်​း ဖြစ်​သွားတာ​ပေါ့။ လုံခြုံ​ရေးကိစ္စ​တွေဆိုတာက ချပြလို့ရတာရှိတယ်​၊ ချပြလို့မရ​သေးတဲ့ဟာ​တွေ ရှိတယ်​​။ ကျွန်တော်တို့ လုပ်​စရာ​တွေ အများကြီးကျန်​​သေးလို့ပါ"ဟု ဗိုလ်​မှူးကြီး​ ကျော်​​ဇေယျက​ ထားဝယ်​အခြေစိုက်​ မီဒီယာများကို​ ပြောသည်​။

ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ တံတားထိပ်အနီး လမ်းနံဘေးခြုံအတွင်း၌ ပုလင်းနှင့်ဖုန်းကို ဝါယာကြိုးဖြင့် ဆက်ထားသော အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် အထုတ်တစ်ထုတ်ကို ငါးဖမ်းပိုက် လုပ်ကိုင်နေသူတစ်ဦးက စတင်မြင်တွေ ့ခဲ့ရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ပြီး အဆိုပါ ပလပ်စတစ်အိတ်အတွင်း၌ ဓာတ်ဆီနှင့် ခဲလုံးများ ထည့်ထားသည့် ပုလင်း တစ်လုံး၊ ပုလင်းအား ဝါယာကြိုးဖြင့် ဆက်ထားသည့် ဖုန်းတစ်လုံးတို့ကို တွေ ့ရှိခဲ့ရသည်ဟု​ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်​းသို့​ တွေ ့ရှိပြီး​နောက်​ လုံခြုံ​ရေးကို တိုးမြှင်​့ချထားခဲ့ပြီး ကျူးလွန်​သူကို နိုဝင်​ဘာလ ၆ ရက်​​တွင်​ ​လောင်းလုံးမြို့နယ်​ သ​ဘော့ဆိပ်​​ကျေးရွာ၌ ဖမ်​းဆီးရမိခဲ့ပြီး ၎င်း​နေအိမ်​၌ ​ဖောက်​ခွဲ​ရေးသုံး ပစ္စည်​းများဖြစ်​သည်​့ ယမ်​းစိမ်​း၊ ကန်​့မှုန်​ ့၊​ဘောလုံးယမ်​းနှင်​့ ဒီတို​နေတာ အပါအဝင်​ လက်​ကိုင်​ဖုန်​းများ၊ ဓာတ်​ခဲများစသည်​့ ပစ္စည်​း ၃၁ မျိုးကို သိမ်​းဆည်​းရမိခဲ့သည်​ဟု သိရသည်​။ လက်​ရှိတွင်​ အဆိုပါကျူးလွန်​သူကို ဖမ်​းဆီး စစ်​​ဆေး​နေဆဲဖြစ်​ပြီး ထားဝယ်​မြို့​ပေါ်ရှိ​ နေရာ သုံးခု၌ ၎င်း​ထောင်​ထားသည်​့ လက်​လုပ်​ဗုံး သုံးလုံးကိုလည်​း ညတွင်​းချင်​း လိုက်လံသိမ်​းဆည်​း ရှင်​းလင်​းခဲ့​ကြောင်​း၊ ၎င်းအား​ မောင်​းမကန်​နယ်​​မြေရဲစခန်​း၌ (ပ) ၃၃/၂၀၂၀ ၁၉၀၈ ခုနှစ်​​ပေါက်​ကွဲ​စေတတ်​​သော ဝတ္ထုပစ္စည်​းများ အက်​ဥပ​ဒေပုဒ်​မ-၅ ဖြင်​့အမှုဖွင်​့လှစ်​ထား​ကာ စစ်​​ဆေး​နေဆဲဖြစ်ကြောင်​း သိရသည်​။

ထားဝယ်မြို ့လက်လုပ်ဗုံး​ထောင်​ခဲ့သူအား ဖမ်​းမိခဲ့သည်​ကို​ တွေ ့ရစဉ်​

အဆိုပါကိစ္စနှင်​့ပတ်​သက်​၍​ ရဲတပ်​ဖွဲ့က လုပ်​​ဆောင်​​နေမှုအ​ပေါ်​ မေးမြန်​းရန်​ တနသာင်္ရီတိုင်​း​ဒေသကြီး ရဲတပ်ဖွဲ ့တာဝန်​ရှိသူထံ ဖုန်​းဖြင်​့အကြိမ်​ကြိမ်​ ဆက်​သွယ်​ခဲ့​သော်​လည်​း ပြန်​လည်​မ​ဖြေကြားခဲ့သည်​့အပြင်​ ရုံးသို့ သွား​ရောက်​​ မေးမြန်​းခဲ့​သော်​လည်​း တရားဝင်​​ဖြေကြားခဲ့ခြင်​း မရှိ​ပေ။

အဆိုပါ လက်​လုပ်​ဗုံးများ​ တွေ ့ရှိခဲ့ရမှုနှင်​့ပတ်​သက်​၍ ​ဒေသခံများအကြား စိုးရိမ်​မှုမြင်​့တက်​ခဲ့​သော်​လည်​း ​ရွေးကောက်​ပွဲ ကျင်​းပသည်​့ နိုဝင်​ဘာလ ၈ ရက်​​ နံနက်​ပိုင်​းမှစ၍ ထားဝယ်​မြို့၌ ဆန္ဒမဲ​ပေးသူများမှာ ပုံမှန်​အတိုင်း ဆန္ဒမဲ​ပေးလျက်​ရှိ​ကြောင်​း၊ ရဲတပ်​ဖွဲ့မှလည်​း လှည်​့ကင်​းကားများဖြင်​့ မြို့အနှံ ့ကင်​းလှည်​့မှုများ ပြုလုပ်​​နေကြောင်​း သိရသည်​။


READ NEXT
Cancel OK