ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနေသူများအနေဖြင့် မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် တိုင်းဒေသကြီးအစိုးရက နေရပ်ပြန်မဲပေးခွင့်ကို ခွင့်ပြုခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏ အဓိကစစ်ဆေးရေးဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တွင် လူဦးရေ ရာနှင့်ချီ၍ စုဝေးစောင့်ဆိုင်းနေရပြီး ကျန်းမာရေးစစ်ဆေးမှုများအရ COVID-19 ရောဂါ ကူးစက်ခံထားရသူများကိုပါ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။
နေရပ်ပြန် မဲပေးသူများသည် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ခရိုင်အလိုက် မဲစာရင်းပါဝင်မှုရှိ မရှိ စစ်ဆေးပြီးနောက် Rapid Test Kit များဖြင့် Covid 19 ရောဂါ ပိုးရှိ မရှိ အခမဲ့စစ်ဆေးပေးပြီး ရောဂါပိုး မရှိသူများအား နေရပ်များသို့ ပြန်လည်မဲပေးခွင့်အား ခွင့်ပြုခဲ့ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများကိုမူ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း၊ နေရပ်ပြန် မဲပေးသူများအား ကျန်းမာရေးစစ်ဆေးမှုပြုခြင်းနှင့် မဲစာရင်း တိုက်ဆိုင်စစ်ဆေးသည့် နေရာတွင် လူစုလူဝေးများစွာ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော် ရောက်ရှိနေချိန်မှာတင် လူပေါင်း တစ်ထောင်ကျော်လောက်က ခရိုင်အလိုက် သတင်းပေးပို့ရမဲ့ နေရာတွေမှာ စုဝေးနေတာကို တွေ့ရတယ်၊ ဂိတ်တာဝန်ရှိသူတွေကို မေးမြန်းချက်အရ ရောဂါပိုးတွေ့ရှိသူတွေကို မနက်ပိုင်းမှာတင် ဆယ်ဦးနီးပါးအထိ တွေ့ရှိထားတယ်လို့ ပြောပါတယ်၊ မြို့နယ်အသီးသီးက ကိုဗစ်ကော်မတီတွေက စီစဉ်ပေးထားတဲ့ လူနာတင်ကားတွေရော ကြိုပို့ကားတွေအပြင် ကိုယ်ပိုင်ကားတွေလည်း တွေ့ရတယ်၊ လူစုလူဝေးက အတော်များတယ်၊ ရောဂါစစ်ဆေးနေတာ အချိန်ကြာမြင့်တာရယ် လူကအရမ်းများတာရယ်ကြောင့် ညနေ မဲရုံပိတ်ချိန်အမှီ ကိုယ့်မြို့တွေကို ပြန်မရောက်ကြမဲ့သူတွေလည်း အတော်များများ ကျန်နေလိမ့်မယ်လို့ ထင်ပါတယ်” ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် Eleven Media Group ၏ သတင်းထောက်က ပြောကြားသည်။
နေရပ်ပြန် မဲပေးသူများအား COVID-19 စစ်ဆေးပေးရန်အတွက် Rapid Test Kit အခုရေ နှစ်သောင်းအား ဂိတ်အသီးသီးသို့ ခွဲဝေချထားပေးပြီး Rapid Test Kit များလုံလောက်ခြင်းမရှိပါက PPE ဝတ်စုံများ ဝတ်ဆင်၍ မဲပေးရန်အတွက် PPE ဝတ်စုံ တစ်သောင်းအား ထုတ်ပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
