မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အတွင်းသို့ ယနေ့ (နိုဝင်ဘာ ၈ ရက်) ရွေးကောက်ပွဲတွင် ရန်ကုန်မှပြန်လာ၍ မဲပေးသူများရှိခဲ့ပြီး မဲပေးရန်အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ကိုယ်တိုင်မဲပေးခဲ့သည့် ဒေသခံများထံမှ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွင်ပါဝင်ပြီး အခြားဒေသသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်များ အနေဖြင့် ရောက်ရှိနေသည့်ဒေသမှ သက်ဆိုင်ရာ မဲရုုံတွင် ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးနိုင်မည် ဆိုသည့် ထုတ်ပြန်ချက်အရ မဲဆန္ဒရှင် ပြည်သူများက ကြိုတင်မဲပေးနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း မူလမဲစာရင်း ပါသည့်နေရာမှ ကြိုတင်မဲပေးခွင့်ရမည့် နေရာသို႔ မဲစာရွက်များ အချိန်မီရောက်ရှိရန် မပေးပို့ နိုင်ခဲ့သောကြောင့် မဲဆန္ဒရှင်များ မဲပေးခွင့် ဆုံးရှုံးမည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို႔ကြောင့် မဲဆန္ဒရှင် အချို့သည် မူရင်းမဲစာရင်းပါသည့် ဒေသသို့ အရောက်ပြန်လာ၍ မဲပေးခဲ့ကြကြောင်း သိရသည်။
“ကျွန်တော့်ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၁၈ ဦးအတွက် ကမာရွတ်မြို့နယ် ၆ ရပ်ကွက်မှာ ကြိုတင်မဲပေးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် မကွေးမြို့နယ်က စာတိုက်ကနေ ပို့လိုက်တဲ့ မဲလက်မှတ်တွေ ရောက်မလာလို့ဆိုပြီး ကြိုတင်မဲပေးလို့ မရခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်ဒေသကိုပြန်ပြီး မဲပေးရင် PPE ဝတ်စုံတွေနဲ့ မဲရုုံထဲမှာပဲ မဲပေးလို့ရမယ်လို့ မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့လို့ ရွေးကောက်ပွဲအကြိုညမှာ အလုပ်သမားတွေ အတွက် ကားနှစ်စီး စီစဉ်ပေးပြီး သက်ဆိုင်ရာ ကျေးရွာကို စေလွှတ်ခဲ့ပါတယ်။ လမ်းခရီးမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ စိစစ်တဲ့ ဂိတ်တွေကို ဖြတ်ဖို့လည်း ထောက်ခံစာတွေ ယူပေးလိုက်ပါတယ်။ ကိုယ့်ရွာကို ဒီလိုု ခက်ခက်ခဲခဲ ပြန်လာတဲ့ မဲဆန္ဒရှင်တွေကို ကျေးရွာထဲလည်း အဝင်မခံပါဘူး။ PPE ဝတ်စုံနဲ့ မဲရုုံထဲမှာ မဲပေးလို့ရမယ် ဆိုတာလည်း မဟုတ်ခဲ့ပါဘူး။ ရွာအပြင်မှာပဲ PPE ဝတ်စုံ ဝတ်ထားသူက မဲပုံး တစ်ပုံးနဲ့ မဲလာလက်ခံ ပေးခဲ့ပါတယ်။ ပြီးတော့ မဲပေးဖို့ ပြန်လာသူတွေကို ရွာထဲကို ရန်သူတွေဝင်လာသလို ခွဲခြားဆက်ဆံမှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာက မဲပေးဖို့အတွက် အများကြီး ဒုက္ခရောက်ခဲ့ ကြပါတယ်။ ကျွန်တော်တို့လို မပြန်နိုင်လို့ မဲမပေးလိုက်ရ သူတွေအတွက် ကော်မရှင်က ဘယ်လိုတာဝန်ယူပေးနိုင်မလဲ” ဟု သက်ရင်းတောကျေးရွာ ဇာတိဖြစ်ပြီး ရန်ကုန်တွင် နေထိုင်သည့် ဦးဆန်းဝင်းက ပြောကြားသည်။
ထိုသိုု့ ကြိုတင်မဲပေးရန် မဲလက်မှတ် အချိန်မီ မရောက်ရှိမှုကြောင့် မဲပေးရန် အခက်အခဲ ကြုံတွေ့ရသူ အများအပြားရှိပြီး COVID-19 ရောဂါကာလလည်း ဖြစ်နေသောကြေင့် မူရင်းမဲစာရင်းပါသည့် ဒေသသို့ မပြန်နိုင်ဘဲ မဲပေးခွင့် ဆုံးရှုံးခဲ့သူများလည်း ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
