တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ (တနသာင်္ရီတိုင်းရုံး) အနီးတွင် NLD ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်း ကို မဲမပေးရန် စာသားများပါဝင်သည့် ပိုစတာများကပ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုင်း NLD ရုံးအနီးရှိ ကရပ်ပြင်မြောက်ရပ်ကွက်မှ မူလတန်းစာသင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် ပိန္နဲတောရပ်ကွက် မဲရုံအမှတ် (၅) အနီးရှိ အုတ်ခြံစည်းရိုး၊ လမ်းမီးတိုင်နှင့် လမ်းညွှန်ဆိုင်းဘုတ်တို ့အပြင် ဆေးရုံလမ်းပေါ်ရှိ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် မြေကွက်ခြံစည်းရိုးတို့တွင် ကပ်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ ့နံနက်ပိုင်း မဲရုံမဖွင့်မီ၌ အဆိုပါ ပိုစတာများ ကပ်ထားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားပြီး လက်ရှိတွင် တာဝန်ရှိသူများက သိမ်းဆည်းကာ စာကပ်သူကို စုံစမ်းနေကြောင်း သိရသည်။
အဆိုပါ ပိုစတာများအတွင်း၌ ဦးအောင်ဝင်းကို မဲမပေးကြပါနဲ့၊လုံးဝ သုံးမရတဲ့သူ၊၂၀၁၅ မှ ၂၀၂၀ ခုနှစ်အထိ ပြည်သူလူထုအကျိုးအတွက် မည်သည့်မေးခွန်းနှင့် အဆိုတစ်ခုကိုမှ မတင်ပြပေးနိုင်သူ ဟူ၍ ထားဝယ်အခြေစိုက် ဒက္ခိဏအွန်လိုင်းမီဒီယာမှ ဖော်ပြထားသည့် ဦးအောင်ဝင်း (လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ၅ နှစ်တာ လွှတ်တော်အတွင်း အဆိုနှင့် မေးခွန်းများ မှတ်တမ်းပုံကို Print ထုတ်ထားသည့် စာရွက်ပေါ်၌ ရေးသားထားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံဖြင့် 'တာဝန်မကျေသည့်အစိုရးအား ဆက်လက် လုပ်ကိုင်ခွင့်ပေးနေပါက ပြည်သူများ၏အမှားပဲ ဖြစ်လိမ့်မယ်' စာသားပါ ပိုစတာကိုလည်း ကပ်ထားကြောင်း သိရသည်။
ဦးအောင်ဝင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ထားဝယ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ယခုရွေးကောက်ပွဲတွင် ထားဝယ်မြို ့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
ဦးအောင်ဝင်းမှာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ချိန်၌ ကြယ်ပွင့်ပြမေးခွန်းနှင့် အဆိုတင်သွင်းမေးမြန်းမှု တစ်ကြိမ်မျှ မရှိသောကြောင့် ဒေသခံများအကြား ဝေဖန်မှုခံနေရသူလည်း ဖြစ်သည်။
ထားဝယ်မြို ့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ ်(၁) တွင် မဲပေးခွင့်ရှိသူ ဦးရေ ၇၀၀၀၀ ခန့်ရှိပြီး ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ စသည့် ပါတီ ခုနစ် ခုက ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
