ရန်ကုန်တိုင်းတွင် ရခိုင်နှင့် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် မဲပေးခွင့်မရသည့် ဖြစ်စဉ်များ မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြောကြားချက်အရ သိရသည်။
“ရခိုင်တိုင်းရင်းသား မဲစာရင်းမှာမပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်တွေ လုံးဝမထည့်ရဘူး။ လှိုင်သာယာရဲ့ ရက်ကွက် ၂၀ ရဲ့ မဲရုံ ၁၆ မှာဆိုရင် ရခိုင်တိုင်းရင်းသားတွေ မဲထည့်ခွင့် မရတဲ့သူတွေ အများကြီး ရှိနေတယ်။ အခု ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာ တော်တော်များများက မဲထည့်ခွင့် မရဘူး” ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက ပြောကြားသည်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ပုစွန်တောင်ရှိ မြို့နယ်များမှ ရပ်ကွက်မဲရုံအချို့တွင် ရခိုင်တိုင်းရင်းသားများ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခွင့်မရခြင်းများ ရှိနေကြောင်း မဲဆန္ဒရှင်များ တင်ပြချက်အရ ကြားသိရသည်ဟု ၎င်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားများ လွှတ်တော်မဲဆန္ဒနယ် သုံးခုအတွက်သာ မဲပေးခွင့်ရပြီး တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခွင့်မရခြင်းမှာ အောက်တိုဘာ ၂၉ ရက်တွင် စတင်ကောက်ယူသည့် အသက် ၆၀ အထက် ကြိုတင်မဲပေးသည့်ဖြစ်စဉ်များတည်းက ဖြစ်သည်ဟုဆိုသည်။
ထို့အတွက် ရခိုင်တိုင်းရင်းသားများ တိုုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် မဲပေးခွင့် မဆုံးရှုံးစေရန် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွွဲကော်မရှင်ထံ နိုဝင်ဘာ ၅ ရက်နှင့် ၇ ရက်က တင်ပြတောင်းဆိုခဲ့သော်လည်း ပြေလည်မှု မရရှိဟု ဒေါ်ထုမေက ပြောကြားသည်။
“ဒီလိုမျိုးအောက်ခြေမှာ ဒီလောက်ပြသနာတက်နေတာကို ကော်မရှင်တိုင်းနဲ့ ဆက်သွယ်ပေမဲ့ ကော်မရှင် ဥက္ကဌတွေက မဲစာရင်းမှာ မပါရင်ပေးလို့ မရဘူး။ မဲစာရင်းပါမှ ပေးလို့ရမယ်လို့ ထပ်ခါတစ်လဲလဲ အကြောင်းပြန်တယ်။ မဲစာရင်းပါအောင် လုပ်တာက ကော်မရှင်က လုပ်တာ။ ကျွန်မတို့ ပြည်သူတွေက လုပ်တာမှ မဟုတ်တာ။ အဲ့ဒါဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ထည့်ရပြီး ရခိုင်မဲမှာ ဘာလို့ မထည့်ရတာလဲ။ ခွဲခြားဆက်ဆံတာလား။ တမင်တကာ မဲထည့်ခွင့်မရအောင် နိုင်ငံသားအခွင့်အရေး ချိုးဖောက်တာလား။ အဲ့လိုပဲ မေးခွန်းထုတ်ရတော့မယ်” ဟု ၎င်းက ပြောကြားသည်။
ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် တစ်သိန်းတစ်သောင်းကျော်ရှိပြီး ယခု မဲပေးခွင့် မရသည်ဖြစ်စဉ်ကြောင့် မဲဆန္ဒရှင် ရာဂဏန်းမှ ထောင်ဂဏန်းခန့် မဲပေးခွင့် ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သုံးဦး၊ ပါတီနှစ်ခုမှ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ ယှဉ်ပြိုင်ကြသည်။
ထို့အတူ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် မြို့နယ်အချို့တွင် မဲပေးခွင့် မရရှိသည့် ကရင်တိုင်းရင်းသား မဲဆန္ဒရှင်အချို့ရှိကြောင်း ယင်းမဲဆန္ဒနယ်တွင် ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းထံမှ သိရသည်။
“ဒီလို သုံးမဲကို ပါထားပြီးဖြစ်ရင် ထွေအုပ်နဲ့ ရွေးကော်ရဲ့ တာဝန်က ဒီတစ်မဲက Automatically ပါရမှာ ကျွန်တော်တို့ နားလည်တယ်။ မပါတာတော့ ဘယ်သူ့အားနည်းချက်လဲ ထွေအုပ်လား၊ ရွေးကော်လား အဲဒါတော့ ကျွန်တော်လည်းမသိဘူး။ တိုင်လို့ စစ်ဆေးမှပဲ သိရမယ်” ဟု ကရင်ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းသန်းဝင်းဦးက ပြောကြားသည်။
၎င်းပြောကြားချက်အရ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ကော့မှူး၊ ကွမ်းခြံကုန်၊ တွံတေး၊ မင်္ဂလာဒုံ စသည့် မြို့နယ်များရှိ ရပ်ကွက်မဲရုံအချို့တွင် ကရင်တိုင်းရင်းသား မဲဆန္ဒရှင်များ ကရင်လူမျိုးမဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခွင့် မရခြင်းများရှိသည်ဟု သိရသည်။
မှတ်ပုံတင်တွင် ကရင်လူမျိုးဟုပါရှိသော်လည်း မဲစာရင်းတွင် မပါဝင်မှုကို ပုံစံ ၃ (က) နှင့် လျှောက်လွှာတင်ရမည်ကို လုပ်ဆောင်ခြင်း မရှိ၍ မဲထည့်ခွင့် မရခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ခွဲများ ပြောကြားချက်အရ သိရပြီး ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် လွှတ်တော်မဲဆန္ဒနယ် သုံးခုနှင့် တိုင်းရင်းသား မဲဆန္ဒနယ် သက်သက်ဖြစ်သည်ကို သေချာစွာ ရှင်းပြမှုအားနည်းကြောင်း မန်းသန်းဝင်းဦးက ပြောကြားသည်။
ကရင်လူမျိုးမဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ နှစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။
ယင်းကိစ္စများအပေါ် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
