၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မှ တောင်ငူမြို့သို့ လာရောက်မဲပေးသူ ၂၄ ဦး ကို စစ်ဆေးရာမှ COVID-19 ပိုးရှိသူ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့ကြောင်း တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ အိအိမင်းနောင်က “၂၄ ယောက် စစ်တာ တစ်ယောက်က Positive ပါ၊ အဲဒီလူတွေက တစ်ချို့ကျတော့ ဒီမှာညအိပ်မှာ ။ တစ်ချို့ကျတော့ Quanrantine ထဲထည့်မှာ၊ တွေ့တာက အမျိုးသမီးပါ ။ အသက်ကတော့ ၃၀ ပါ ။ သူကတော့ ကျွန်မတို့တောင်ငူဆေးရုံကို ရောက်သွားပါပြီ” ဟု ပြောကြားသည်။
အဆိုပါ ၂၄ ဦးမှာ stay at home မြို့နယ်များမှ တောင်ငူမြို့သို့ နေ့ချင်းပြန် မဲလာပေးသူများဖြစ်ပြီး၎င်းတို့၏ မဲပေးခွင့်များ မဆုံးရှုံးစေရန်နှင့် COVID-19 ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ test kit ဖြင့် စစ်ဆေးပေးခြင်းဖြစ်သည်။ test kit ဖြင့် စစ်ဆေးခြင်းကို တောင်ငူမြို့မြောက်ဘက် ကန်ရိုးကျေးရွာအနီး YZM ဆီဆိုင် တွင် စစ်ဆေးပေးခဲ့ပြီး COVID-19 ရောဂါ Negative ဖြစ်သူများကိုသာ သက်ဆိုင်ရာမဲရုံတွင် မဲပေးစေခဲ့ပြီးPositive ဖြစ်သူအမျိုးသမီးအား တောင်ငူပြည်သူ့ ဆေးရုံတွင် မဲပေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်ငူမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၁၉၅၃၄၉ ဦးရှိပြီး (ပြည်ပ) မဲဆန္ဒရှင် ၄၅၇ ဦး၊ (ပြည်တွင်း) မဲဆန္ဒရှင် ၁၄၄ ဦး ၊ မဲဆန္ဒရှင် တပ်မတော်သားများနှင့် မိသားစုဝင်များ ၄၂၇၂ ဦး ရှိကြောင်းနှင့် မြို့နယ်အတွင်း မဲရုံပေါင်း ၁၉၃ ရုံ ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
