ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းကုန်းရပ်ရှိ မဲရုံအမှတ် (၆) တွင် နိုဝင်ဘာလ ၈ ရက် နံနက်က ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် တစ်ဦးထံမှ UEC တံဆိပ်ပါ တံဆိပ်တုံး တစ်ခုနှင့် UEC တံဆိပ်မပါသည့် တံဆိပ်တုံးတစ်ခု တွေ့ရှိသည့်အတွက် အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
“သူက ပါတီတစ်ခုက မဲရုံကိုယ်စားလှယ် အမျိုးသမီး တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့လက်ကိုင်အိတ်ကို မဲရုံလုံခြုံရေး ယူထားတဲ့ အထူးရဲက စစ်ဆေးကြည့်တဲ့အခါမှာ လက်ကိုင်အိတ်ထဲမှာ UEC တံဆိပ်ပါတဲ့ တံဆိပ်တုံး တစ်ခုနဲ့ UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးတစ်ခုကို တွေ့ရတယ်။ အဲ့ဒါနဲ့ သူ့ကိုအရေးယူဖို့ ဆောင်ရွက်နေပါတယ်” ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီညီထွေးက အတည်ပြု ပြောကြားသည်။
“သူကမဲရုံကိုယ်စားလှယ်ဆိုတာ့ တံဆိပ်တုံးအစစ်က သူ့ရဲ့လက်ထဲမှာ မရှိရဘူးလေ။ သူရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ မသိရသေးပါဘူး” ဟု ဦးညီညီထွေးက ဆက်လက်ပြောကြားသည်။
"အဓိကက သူက ဂနာမငြိမ်ဘူးဖြစ်နေတော့ ရပ်/ကျေး ရွေး/ကော် အဖွဲ့ခွဲကနေ အိတ်ထဲမှာဘာရှိဆိုပြီး စစ်ဖို့လုပ်လိုက်တော့ သူက မဲရုံအပြင်ကို ထွက်ဖို့ကြိုးစားတယ်။ အဲ့ဒီမှာသူကို ပိတ်ဖမ်းပြီးစစ်တော့ UEC တံဆိပ်ပါတဲ့ တံဆိပ်တုံး တစ်တုံးနဲ့ ဘာတံဆိပ်မှမပါတဲ့ တံဆိပ်တုံး တစ်တုံးရတယ်။ နောက်ပြီးတော့ မဲအသိပညာပေးလုပ်တဲ့ စာရွက်တွေ တွေ့ရတယ်ပေါ့။ UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးနဲ့ စာရွက်တွေကျတော့ မဲအသိပညာပေး လုပ်တဲ့အခါမှာ သုံးတဲ့ဟာတွေဖြစ်တယ်။ ဒါတွေကိုတော့ ဒီလိုနေ့မျိုးမှာ မဲရုံကို မယူလာသင့်ဘူးပေါ့ဗျာ။ ဒါပေမယ့် UEC တံဆိပ်ပါတဲ့ တံဆိပ်တုံးကတော့ သူဘယ်က ယူလာလဲတော့ မသိဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးကျော်မိုးအေးက ပြောကြားသည်။
အဆိုပါ အမျိုးသမီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲရုံကိုယ်စားလှယ် ဒေါ်နုနုဝင်း ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
ယနေ့ ကျင်းပပြုလုပ်နေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရေးမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄) ခုရှိပြီး မဲရုံပေါင်း (၁၃၀) ရှိကာ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၂၃၅၄၇၀) ဦးရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
