Top News

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် မဲပေးခွင့်ရှိသူ တစ်သောင်းကျော်အနက် မဲလာပေးသူ နှစ်ထောင်ကျော်သာ ရှိသေး
24htopnews | October 17, 2024 4:12 PM CST

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီး၌ မဲပေးမှုများ ပြုလုပ်နေပြီး ယနေ့(နိုဝင်ဘာ ၈ ရက်) မွန်းလွဲ ၂ နာရီအထိ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက် မဲရုံ ၈ ရုံ တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၇၀၁ ဦး ရှိသည့်အနက် ဆန္ဒမဲလာရောက်ပေးသူ နှစ်ထောင်ကျော်သာ ရှိသေးကြောင်း ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းက ပြောကြားသည်။



လက်ရှိတွင် အဆိုပါရပ်ကွက်တွင်း မဲပေးနေသူများ ဆက်လက် စောင့်ဆိုင်း မဲပေးလျက်ရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK