မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့ မြို့မရပ်ကွက်ရှိ မဲရုံ အမှတ်(၅) တွင် NLD ပါတီကို မဲပေးရန်အတွက် မဲဆွယ်ပုံတံဆိပ် အမှတ်အသားများ ပါဝင်သော စတေကာများ တပ်ဆင်ထားသည့် ဆိုင်ကယ်ဖြင့် မဲလာပေးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက်ပိုင်းက ပုသိမ်ကြီးမြို့ မြို့မရပ်ကွက်ရှိ မဲရုံအမှတ်(၅)တွင် မဲစာရင်းပါရှိသည့် မဲဆန္ဒရှင်အမျိုးသမီးတစ်ဦးမှာ မဲပေးရန်အတွက် အဆိုပါမဲရုံသို့ လာရောက်ခဲ့ရာ ၎င်းစီးနင်းလာသည့်ဆိုင်ကယ်ပေါ်တွင် NLD ပါတီအား မဲပေးရန်အတွက် မဲဆွယ်ထားသော စတစ်ကာများ တပ်ဆင်ထားသည့်ဆိုင်ကယ်ဖြင့် လာရောက်၍မဲပေးခဲ့ကြောင်း၊ ထိုသို့ မဲလာပေးခဲ့သဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်နှင့် မဲရုံတာဝန်ရှိသူများမှ တားဆီးခဲ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ဖက်ပါတီမှ တင်ပြတိုင်ကြားလာပါက ရွေးကောက်ပွဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲထံမှ စုံစမ်းသိရသည်။
"အမှား လုပ်ပြီးမှ မသိလို့ပါဆိုပြီး လုပ်လို့မရပါဘူး။ ဥပဒေကို မသိလို့ပါဆိုပြီး လုပ်လို့မရဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ဖက်ပါတီတွေကနေ တင်ပြတိုင်ကြားလာခဲ့ရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ"ဟု ပုသိမ်ကြီးမြို့ မြို့မရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ပုသိမ်ကြီးမြို့ မြို့မရပ်ကွက်ရှိ မဲရုံ အမှတ်(၅)သို့ NLD ပါတီ မဲဆွယ်ပုံတံဆိပ်အမှတ်အသားများ တပ်ဆင်ထားသည့် ဆိုင်ကယ်ဖြင့် မဲလာပေးမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက သက်ဆိုင်ရာသို့ ကန့်ကွက်တိုင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
"ဒါနဲ့ ပတ်သက်ပြီး ကန့်ကွက်သွားရမှာပေါ့။ အကိုတို့လည်း ဥပဒေဘောင် အတွင်းကနေ သွားရမှာပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီတာ မှန်သရွေ့ကတော့ အကုန်တိုင်ကြားသွားမှာ။ ဒီကိစ္စလည်း အကိုတို့ဆီမှာ အကုန်မှတ်တမ်းတွေ ရောက်လာပြီ။ လုပ်ထုံးလုပ်နည်း ဥပဒေဘောင် အတွင်းကပဲ လုပ်သွားမယ်"ဟု ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆွေသန်းက ပြောကြားသည်။
ပုသိမ်ကြီးမြို့ မြို့မရပ်ကွက်ရှိ မဲရုံ အမှတ်(၅)သို့ NLD ပါတီ မဲဆွယ်ပုံတံဆိပ်အမှတ်အသားများ တပ်ဆင်ထားသည့် ဆိုင်ကယ်ဖြင့် မဲလာပေးခဲ့သည့် မဲဆန္ဒရှင်အမျိုးသမီးက "ကျွန်မအနေနဲ့ မဲပေးချင်တဲ့ဇောနဲ့ ထွက်လာခဲ့တာပါ။ အိမ်မှာလည်း ကလေးက ကျန်ခဲ့သေးတယ်လေ။ ဆိုင်ကယ်မှာ ဒီလိုတွေ ကပ်ထားတယ ်ဆိုတာလည်း သတိမထားမိခဲ့ဘူး။ ကပ်ထားတဲ့ စတေကာတွေကလည်း အခုမှ ရည်ရွယ်ချက်ရှိရှိ ကပ်လာခဲ့တာ မဟုတ်ပါဘူး။ ကြာနေပါပြီ။ အခုလို ဖြစ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ တကယ်လည်း နားမလည်ခဲ့တာပါ"ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
