Top News

မြိတ်မြို့တွင် ကရင်တိုင်းရင်းသားအချို့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးခွင့်မရသည့် ဖြစ်စဉ်များ ဖြစ်ပွား
24htopnews | October 17, 2024 4:13 PM CST

မြိတ်မြို့တွင် ကရင်တိုင်းရင်းသားအချို့မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် မရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်ရှိမဲရုံ အမှတ် ( ၁ ) တွင် လာရောက်မဲပေးသည့် ကရင်တိုင်းရင်းသားများအတွက် မဲပေးခွင့်မရှိဟုဆိုကာ ကျန်သည့်အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက်သာ မဲလက်မှတ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်မကမှတ်ပုံတင်ထဲမှာ ကရင်တိုင်းရင်းသားပါ ကရင်တိုင်းရင်းသားဖြစ်တဲ့အတွက် ကျွန်မကမဲ ၄ ပြားရမယ်ဆိုတာ သိထားပါတယ် မဲရုံထဲကိုရောက်တော့ မဲ ၄ မဲ တောင်းခဲ့တယ် ကျွန်မရဲ့အမည်က တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အတွက်မဲပေးရမယ့် List ထဲမှာ မပါဘူးပြောတယ် မဲ ၃ မဲပဲ ထည့်ခွင့်ရမယ်လို့ ပြောပါတယ် ဘာကြောင့်လဲလို့ မေးတော့မဲရုံမှူးက ကော်မရှင်ရဲ့ အာဏာသက်ရောက်မှုအပေါ်မှာပဲ မဲရုံမှူးက အလုပ်လုပ်ရတယ်လို့ ပြောပါတယ် တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရွေးခွင့်မရပဲနှင့် မဲတွေဘယ်လောက်ဆုံးရှုံးနေမလဲ ပြည်ထောင်စုကော်မရှင်၊ တိုင်းဒေသကြီးကော်မရှင်နှင့် မြို့နယ်ကော်မရှင်တွေက တာဝန်ယူမှု တာဝန်ခံမှုက အဲဒီမှာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ တစ်ကယ်လို့ ကျေးရွာတွေမှာဆိုရင် မဲတွေ ဘယ်လောက်ဆုံးရှုံးနေပြီလဲ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်အရွေးခံမယ့် သူတွေကလည်း သူတိို့မဲတွေ ဘယ်လောက်ဆုံးရှုံးနေသလဲဆိုတာ သိဖို့လို့ပါတယ်လို့” ကရင်တိုင်းရင်းသူ မေဆောင်းဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကရင်းတိုင်းရင်းသားများ မဲထည့်ခွင့်ရရှိအောင် ဆောင်ရွက်ပေးထားကြောင်း၊ ရပ်/ ကျေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“မူအရ မဲရုံမှူးတွေက တိုင်းရင်းသားစာရင်းမှာမပါလို့ ပြောပါတယ်။ နောက်ဆုံး ကျွန်တော်ဆုံးဖြတ်ပေးလိုက်တယ်၊ မှတ်ပုံတင်မှာ ကရင်တိုင်းရင်းသားပါလို့ရှိရင် ထည့်ခွင့်ပြုဖို့ ပြောလိုက်ပါတယ်။ တိုင်းရင်းသားထည့်ခွင့် မရရင် ကျန်တဲ့မဲ ၃ ပုံးစလုံး သူတို့မထည့်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ ပြန်ညှိှနှိုင်းလိုက်ပါတယ်။ အဲဒါက မဖြစ်သင့်ဘူးပေါ့။ သူတို့မှာလည်း အသဲကြားက မဲတစ်ပြားပါပဲ။ အခုတော့ထည့် ခွင့်ပေးလိုက်ပါပြီ။ စာရင်းမှာ မပါရင် မှတ်ပုံတင်မိတ္တူ ယူလာခဲ့ပေါ့။ ကျွန်တော်က အထောက်အထားတော့ယူထားလိုက်ပါတယ်” ဟု တလိုင်းရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်တင့်က ပြောကြားသည်။ တလိုင်းစုရပ်ကွက်တွင် မဲထည့်ခွင့်ရှိသည့် ကရင်တိုင်းရင်းသား ၃၀ ကျော်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲထည့်ခွင့်ရရန် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

                                                                                                                   


READ NEXT
Cancel OK