လှိုင်မြို့နယ် ၁၂ ရပ်ကွက်ရှိ မဲရုံအမှတ် (၇) တွင် တိုင်းဒေသကြီးအမှတ် (၁) နှင့် အမှတ်(၂) မဲစာအုပ် မှားယွင်း၍ မဲဆန္ဒရှင် ၂၀၀ ကျော် မှားယွင်းမဲပေးမှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းများ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့မဲစာအုပ်မှားသည့်အတွက် မှားယွင်းစွာမဲပေးခဲ့သည့် မဲဆန္ဒရှင် ၂၀၀ ကျော်၏ မဲလက်မှက်များကို NLD ပါတီကိုယ်စားလှယ်မှလွဲ၍ ကျန်ပါတီကိုယ်စားလှယ်များက ပယ်မဲသတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
"လူ ၂၀၇ ယောက်မဲပေးပြီးသွားပါပြီ။ မှားတာတော့ဟုတ်ပါတယ်။ အစကတော့ မြို့နယ်ရွေးကော်နဲ့ ခရိုင်က ဆင်းလာတယ်။ ဆင်းလာတော့ ကျွန်တော်တို့ပါတီအားလုံးက ကန့်ကွက်တယ်။ ပါတီအားလုံး ကန့်ကွက် ဆိုတာက NLD မပါဘူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ ဒီ ၂၀၇ မဲကို ပယ်ဖို့လေ။ အဲဒါကို NLD ကိုယ်စားလှယ်ကတော့ သူလည်းဆန္ဒကို ပြောချင်ပါတယ ်ဆိုပြီး သူကတော့ ပြန်ခေါ်ချင်တယ်ပေါ့။ အဲတော့ ၂၀၇ ယောက်လုံးကို ၁၀ နာရီအတွင်း ပြန်ခေါ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ။ အဲတော့မဖြစ်နိုင်တော့၊ အားလုံးကတော့ ပယ်ဖို့ဆိုပြီး သဘောတူထားကြတယ်" ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မွန်မွန်မြင့်က ပြောကြားသည်။
လက်ရှိတွင် မဲလက်မှတ်များ မှားယွင်းစွာထည့်ခဲ့သည့် မဲပုံးများကို ပိတ်ထားကာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းပြီး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း ဒေါ်ကျော့ကေခိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
"အခုလတ်တလောကတော့ ကျွန်မတို့ကတော့ ပယ်မဲလုပ်ဖို့ ကန့်ကွက်ထားတယ်။ ဒါပေမယ့်သူတို့ရွေးကော်ကတော့ လတ်တလောမှာ ခရိုင်အထိ တက်ထားတယ်ပေါ့။ မြို့နယ်က ဆုံးဖြတ်ချက် မချနိုင်လို့ပေါ့။ ကျွန်မတို့ လေးနာရီမှာ ပြန်ပြီးအဆုံးသတ်မယ်။ အခုတော့ ခဏရပ်ထားတယ်။ ကျွန်မ သိရသလောက်ကတော့ တိုင်း(၁)က မဲစာအုပ်နဲ့ တိုင်း(၂)က မဲစာအုပ် နဲ့မှားနေတာပေါ့။ အဲလိုမှားပြီး မဲထည့်ခဲ့ပြီးတဲ့ လူဦးရေကတော့ နှစ်ရာကျော်လောက်ရှိပြီ။ နှစ်ရာကျော် ထည့်ပြီးသွားမှ မှားနေတာသိရလို့ ရပ်ထားပါတယ်။ အဲဒီမဲပုံးတွေကိုလည်း လတ်တလော ပိတ်ထားပါတယ်" ဟု ပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လောင်း ဒေါ်ကျော့ကေခိုင်ဝင်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းမဲရုံမှ တာဝန်ရှိသူတစ်ဦးက မဲမှားယွင်းမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ လက်ရှိတွင် ယင်းမှားယွင်းသည့် မဲ ၂၀၀ ကျော်ကို မည်သို့မျှမလုပ်ဘဲ ထားထားကြောင်း ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
