ပေကျင်း၊အောက်တိုဘာ ၁၆
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ဒေသတစ်ခုဖြစ်သည်ဟူသောအချက်သည် မည်သည့်အခါကမျှမပြောင်းလဲဘဲ ၎င်းအတိုင်းသာဆက်လက်တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း တရုတ်ပြည်မကြီး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ထိုင်ဝမ်ကို ကိုယ်စားမပြုဟု ထိုင်ဝမ်သမ္မတလိုင်ချင်တီကမိန့်ခွန်းပြောကြားခဲ့ပြီးနောက် တရုတ်ပြည်မကြီး၏ ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၄၃ ခုနှစ် ကိုင်ရိုကြေငြာချက် နှင့် ၁၉၄၅ ခုနှစ် ပေါ့တ်စ်ဒမ်ကြေငြာချက်တို့အပါအဝင် နိုင်ငံတကာတရားဝင် စာချုပ်စာတမ်းများစွာအရ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ သက်ရောက်သည်မှာ မှန်ကန်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။
ယခင် တရုတ်သမ္မတနိုင်ငံတော်အစိုးရ အစား တရုပ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော တရားဝင်အစိုးရအဖြစ် အစားထိုးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
၁၉၇၁ ခုနှစ်ကပြုလုပ်ခဲ့သည့် ၂၆ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို အတည်ချမှတ်ပြုခဲ့ပြီး ထိုင်ဝမ်အပါအဝင် တရုတ်တစ်နိုင်ငံလုံး၏ ကိုယ်စားပြုနေရာကို တရုပ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စိန်ခေါ်ပြီး တိုင်းပြည်ကို ခွဲဝေယူရန်ကြိုးပမ်းသည့် မည်သည့်လုပ်ရပ် သို့မဟုတ် သတင်းထုတ်ပြန်ကြေငြာချက်မဆို ကျရှုံးရလိမ့်မည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
