မကြာသေးမီက ကစားသမားဘဝမှ အနားယူခဲ့သည့် ပြင်သစ်နောက်ခံလူဟောင်း ဗာရန်းသည် မန်ယူအသင်းတွင် ကစားသမားဘဝ အဆုံးသတ်လိုသော်လည်း အသင်း၏စီမံကိန်းများနှင့် အံဝင်ခွင်ကျမဖြစ်ခဲ့ကြောင်း ပြင်သစ်မီဒီယာ L'Equipe သို့ ပြောကြားခဲ့သည်။
ဗာရန်း(၃၁ နှစ်)သည် မန်ယူအသင်းတွင် သုံးနှစ်ကြာကစားကာ လိဂ်ဖလား နှင့် FA ဖလားများ ဆွတ်ခူးနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ပြီးခဲ့သည့်ရာသီကုန်တွင် လမ်းခွဲခဲ့ရသည်။
''မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကျွန်တော့်ရဲ့နောက်ဆုံးရာသီအစမှာ ဒီမှာပဲ ကစားသမားဘဝ အဆုံးသတ်လိုတယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြောမိခဲ့ပါတယ်။ ဒီစွန့်စားခန်းကို အနည်းငယ်ရှေ့ဆက်တိုးပြီးတော့ပေါ့။ ဒါက မဖြစ်ခဲ့ပါဘူး။ နွေရာသီက အရမ်းထူးခြားခဲ့ပါတယ်။ FA ဖလား အောင်မြင်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အသင်းစီမံကိန်းတွေနဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူးဆိုတာ သိပါတယ်''ဟု ဗာရန်းက ပြောကြားခဲ့သည်။
ဗာရန်းသည် မန်ယူအသင်းတွင် ပြိုင်ပွဲစုံ(၉၅)ပွဲကစားကာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
