ဘာစီလိုနာအသင်းသည် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည့် နူးကမ့်ကွင်း ပြန်လည်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် မန်စီးတီးတိုက်စစ်မှူး ဟာလန်းအား ၂၀၂၅ နွေရာသီတွင် အရခေါ်ယူသွားရန် ကြိုးပမ်းမည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ(၁၀) ပွဲတွင် (၁၁) ဂိုးအထိ သွင်းယူထားသည်။
ဟာလန်းသည် ယခုရာသီတွင် မန်စီးတီးကစားသမားဘဝ တတိယမြောက်ရာသီကို ဖြတ်သန်းနေပြီး အသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ၎င်းကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်၊ PSG နှင့် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
စပိန်အားကစားသတင်းစာ Sport ၏ဖော်ပြချက်အရ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာသည် ဘဏ္ဍာရေးအခက်အခဲများရှိနေသော်လည်း နူးကမ့်ကွင်းပြန်လည်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် လာမည့် ၂၀၂၅ နွေရာသီတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို အရခေါ်ယူလိုနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ၎င်းတို့၏နာမည်ကျော် အိမ်ကွင်း နူးကမ့်ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေပြီး ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ပရိသတ် (၆၀)ရာခိုင်နှုန်းဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်နေကာ အလုံးစုံးပြင်ဆင်ပြီးပါက ပရိသတ် (၁၀၅၀၀၀) ဦးဝင်ဆံ့မည်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာသည် ဟာလန်းအား ခေါ်ယူရန် ၂၀၂၁ ခုနှစ်ကတည်းက စိတ်ဝင်စားခဲ့ပြီး ထိုစဉ်က ဟာလန်း၏ အေးဂျင့်ဖြစ်သည့် ကွယ်လွန်သူ ရိုင်အိုလာနှင့်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
ဟာလန်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့ခဲ့သော်လည်း ဘာစီလိုနာအသင်းသည် ၎င်းကို ခေါ်ယူရန်စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်ရှိ ဟာလန်း၏အေးဂျင့်ဖြစ်သူ ရာဖယ်လာပီမန်တာနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။
ဟာလန်းကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် ဥရောပထိပ်တန်းလိဂ်များတွင် ကစားလိုကြောင်း ပြောကြားထားရာ ဘာစီလိုနာအသင်း၏ကြိုးပမ်းမှုမှာ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ဘာစီလိုနာအသင်းသည် ဟာလန်းကို အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး၏နေရာတွင် ရေရှည်အစားထိုးရန် အလိုရှိနေခြင်းလည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
