Top News

ယခုရာသီတွင် အာဆင်နယ်အသင်း ဖလားရရှိရန်လိုအပ်သည်ဟု ပီတစ် ပြောကြား
24htopnews | October 17, 2024 5:12 PM CST

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပီတစ်က အသင်းဟောင်းအနေဖြင့် ယခုရာသီတွင် ဖလားရရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်(၂)ရာသီဆက် ပရီးမီးယားလိဂ်တွင် အဆင့် (၂) ရရှိခဲ့သည်။

ပီတစ်က ''ဒီရာသီမှာ အာဆင်နယ်အသင်း ဖလားရမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းရဲ့ဦးတည်ချက်နဲ့ ကစားသမားတွေရဲ့ယုံကြည်မှုကို ထိန်းသိမ်းဖို့အတွက် ဒီရာသီမှာ အာဆင်နယ်အသင်း ဖလားရဖို့ လိုပါတယ်။ အာတီတာလက်ထက်မှာ FA ဖလား ရခဲ့ပေမဲ့ ပရီးမီးယားလိဂ် (ဒါမှမဟုတ်) ချန်ပီယံလိဂ် ရဖို့ လိုပါတယ်။ ချန်ပီယံလိဂ်တော့ မပြောတတ်ပေမဲ့ ဒီရာသီမှာ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်တော့ ရသင့်တယ်ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၃)နေရာရပ်တည်နေပြီး ချန်ပီယံလိဂ်တွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် အဆင့်(၁၃)နေရာ ရပ်တည်နေသည်။


READ NEXT
Cancel OK