Ballon d'Or ဆုကို စံချိန်တင် (၈) ကြိမ်အထိ ရရှိထားသည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၄ Ballon d'Or ဆုကို အင်တာမီလန်အသင်းမှ လက်ရွေးစင်အသင်းဖော် လော်တာရိုမာတီနက်ဇ်သာ ရသင့်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၂၈) ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည်ဖြစ်သည်။
အသက် (၂၇) နှစ်အရွယ်ရှိ လော်တာရိုမာတီနက်ဇ်သည် Ballon d'Or ဆန်ခါတင် (၃၀) ဦးစာရင်းတွင် ပါဝင်နေသော်လည်း ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်၊ မန်စီးတီးကွင်းလယ်လူ ရိုဒရီနှင့် ရီးယဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ်တို့သာ အဆိုပါဆုုကို ရရှိရန် ရေပန်းစားနေသည်။
လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်ရာသီက အင်တာမီလန်ကို အကြိမ်(၂၀)မြောက် စီးရီးအေချန်ပီယံဆု ရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့ပြီး စီးရီးအေရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့သည်။
ထို့ပြင် ၎င်းသည် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲတွင်လည်း အာဂျင်တီးနားအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
ထို့ကြောင့် မက်ဆီက '' လော်တာရိုအတွက် အရမ်းကောင်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာ ကိုပါအမေရိကဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့သလို၊ ဂိုးသွင်းအများဆုံးလည်းဖြစ်ခဲ့တယ်။ Ballon d'Or ဆုကို သူပဲ ရသင့်တာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
