ဘွေနိုဆိုင်းရစ်၊အောက်တိုဘာ ၁၇
ဝမ်းဒါရိုက်ရှင် အဖွဲ့မှ အဖွဲ့ဝင်အဆိုတော်ဟောင်း လီယမ်ပိန်းသည် အာဂျင်တီးနားရှိ ဟိုတယ်တစ်ခု၏ တတိယထပ် အခန်းဝရံတာမှ ပြု —တ်—ကျေ-သဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း အာဂျင်တီးနား ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
အရက်နှင့်မူးယစ်ဆေးသုံးထားနိုင်ခြေရှိသည့် လူတစ်ဦး ဝရန်တာမှပြု—တ်—ကျကြောင်း ဟိုတယ်မန်နေဂျာက ရဲတပ်ဖွဲ့ထံအကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးသောအခါ လီယမ်ပိန်းဖြစ်နေသည်ကိုသိခဲ့ရကြောင်း ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။
ဟိုတယ်အတွင်းပိုင်း၌ လီယမ်၏ရုပ်အလေ-ာင်းကိုမြင်ခဲ့ရပြီးနောက် ဗြိတိန်အဆိုတော် ပိန်း၏ေ-သဆုံးမှုကို အရေးပေါ် ဝန်ထမ်းများက အတည်ပြုပြောကြားခဲ့သည်။
“သတင်းကြားကြားချင်း ကျွန်တော် ထိတ်လန့်နေမိပါတယ်။လီယမ်က အမြဲတမ်းကြင်ကြင်နာနာဆက်ဆံတတ်သူတစ်ဦးပါ” ဟု အမေရိကန်အဆိုတော် ချာလီ ပတ်သ် က အင်စတာဂရမ်၌ပြောကြားခဲ့သည်။
“သူက ကျွန်တော်နဲ့ ပထမဆုံးတွဲလုပ်ခဲ့တဲ့ အဓိက အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပါ၊သူ ဆုံးပါးသွားပြီဆိုတာကို ကျွန်တော်မယုံနိုင်သေးပါဘူး” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ယူအက်စ်ဂီတချန်နယ် အမ်တီဗွီ၊ တိုက်ရိုက်လွှင့်ဝန်ဆောင်မှု Spotify SPOT.N နှင့် BRITS British ဂီတဆုပေးပွဲများအားလုံးကလည်း လူမှုကွန်ရက်၌ လီယမ်ေ-သဆုံးသဖြင့် စိတ်မကောင်းဖြစ်မိပါကြောင်း ဖော်ပြခဲ့ကြကာ ၎င်း၏မိသားစုနှင့်ချစ်ရသူများထံသို့လည်း ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။
လီယမ်ပိန်းသည် ၂၀၁၇ ခုနှစ်က British TV personality နှင့် Girls Aloud အဆိုတော် ရှာရင်းလ်နှင့်ရရှိခဲ့သည့် ဘဲရ် ဟုခေါ်သောသားလေးတစ်ယောက်ရှိကြောင်းလည်းသိရသည်။
Source : စီအင်န်အေ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
