တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ထားဝယ်ရိုးရာသပိတ်မျှောပွဲအား ယနေ့ အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)နံနက် ၄ နာရီမှစတင်၍ကျင်းပရာ မီးပုံးပျံအလုံး(၅၀၀)ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။
ထားဝယ်ရိုးရာသပိတ်မျှောပွဲအား ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ကျင်းပရာ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ အရှင်ဥပဂုတ္ထမ ထေရ်မြတ်အားရည်စူး၍ ဆီမီးထွန်းညှိပူဇော်ပြီးချိန်တွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့်ဒေသခံများက မီးပုံးပျံအလုံး(၅၀၀)အား တစ်ညီတစ်ညွတ်တည်း လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အရှင်ဥပဂုတ္ထမထေရ်မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံများမှလည်း ထားဝယ်ရိုးရာ သပိတ်မျှောမုခ်ဦးမှစ၍ အကွေ့များပါသော ဝင်္ကပါကိုဖြတ်ကျော်ကာ သပိတ်မျှောပူဇော်ခဲ့ကြကြောင်း သိရသည်။
ထားဝယ်ရိုးရာသပိတ်မျှောပွဲအား နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် အရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ ထားဝယ်ရိုးရာမြေသပိတ်ထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးတို့ကိုထည့်၍ တံခွန်၊ ကုက္ကားများစိုက်ထူကာ ဆီးမီးများထွန်းညှိပြီး သပိတ်မျှောပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သပိတ်မျှောပူဇော်စဉ် ရာသီဥတုမိုးလေဝ သကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါ များတိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသောဘေးဘယာကံကြမ္မာအပေါင်းကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုကြကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
