ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်အား အလိုရှိနေကြောင်း သိရသည်။
မိုဒရစ် (၃၉ နှစ်)သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းသည် ၎င်းနေရာတွင် အစားထိုးရန်အတွက် ကစားသမားသစ် ရှာဖွေလျက်ရှိသည်။
အသက် (၂၁)နှစ်အရွယ်ရှိ ဖလော်ရီယန်ဗက်ဇ်သည် ဥရောပတွင် ထွန်းတောက်လာသည့် ကစားသမားဖြစ်ပြီး အသက်အရွယ်မှာလည်း ရီးယဲလ်အသင်း၏ပေါ်လစီနှင့် အံကိုက်ဖြစ်နေသည်။
ထို့ကြောင့် ရီးယဲလ်အသင်းသည် မိုဒရစ်၏နေရာတွင် အစားထိုးရန်အတွက် ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် လာမည့်ဇန်နဝါရီတွင် ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။
လေဗာကူဆင်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
