Top News

ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီး စိန်ခေါ်နိုင်မည်ဟု ဟက်စကီး သုံးသပ်
24htopnews | October 17, 2024 6:12 PM CST

ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဟက်စကီးက ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၇)အပြီးတွင် ရမှတ် (၁၄)မှတ်ဖြင့် အဆင့် (၄)နေရာရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၁၈ မှတ်)နှင့် (၄)မှတ်သာ ကွာဟသည်။

ဟက်စကီးက ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် အဆင့် (၄) ဝင်ရန်သေချာပြီး ချန်ပီယံဆုကိုပင် စိန်ခေါ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သို့သော် ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲကျပ်(၄)ပွဲကို ယခုတစ်ပတ်မှစပြီး ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ယင်းကာလမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိ၊ မရှိ အဆုံးအဖြတ်ပေးဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

 


READ NEXT
Cancel OK