ဘန်ကောက်၊အောက်တိုဘာ ၁၇
ထိုင်းဝန်ကြီးချုပ်ပေတုန်တန်သည် လာမည့်နှစ်တွင်ကျရောက်မည့် တရုတ်နှင့်သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပရန်ပြင်ဆင်နေချိန်တွင် ထိုင်းနိုင်ငံ၌ 6G နည်းပညာကို အသုံးပြုနိုင်ရန် ဂြိုလ်တုလွှတ်တင်ရေး အခြေစိုက်စခန်းတည်ဆောက်ရန် တရုတ်ကို ဖိတ်ခေါ်ထားကြောင်းသိရသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည်လည်း နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်အတွက် ချစ်ကြည်ရေးသံတမန်အဖြစ် ပန်ဒါတစ်စုံအား စေလွှတ်မည်ဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Han Zhiqiang သည် သောကြာနေ့က အစိုးရအိမ်တော်၌ ထိုင်းဝန်ကြီးချုပ်အားဂါရဝပြုတွေ့ဆုံခဲ့ကာ ဆွေးနွေးမှုများအပြီးတွင် တရုတ်သံရုံးနှင့် ထိုင်း-တရုတ်ကုန်သည်ကြီးများအသင်းကိုယ်စား အဆိုပါသံတမန်က ထိုင်းနိုင်ငံ ရေဘေးသင့်ဒုက္ခသည်များအတွက် ဘတ်ငွေ ၇ ဒသမ ၂ သန်းလှူဒါန်းခဲ့သည်ဟုလည်းသိရသည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူကမူ မစ္စပေတုန်တန်က တရုတ်သံအမတ်ကြီးကို လာမည့်နှစ်တွင်ကျရောက်မည့် “ချစ်ကြည်ရေးရွှေနှစ်” ကို ကြိုဆိုဂုဏ်ပြုကာ ဝမ်းမြောက်ကြောင်းကို လည်းပြောကြားခဲ့သည်ဟုဆိုသည်။
ကုန်သွယ်ရေး၊ထွန်းသစ်စစက်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက် အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးများကိုမြှင့်တင်ရာတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်းလည်း၎င်းကပြောကြားခဲ့သည်။
ယင်းနောက် ဒေတာစင်တာများ၊လျှပ်စစ်ကား ထုတ်လုပ်ရေးစခန်းများတည်ဆောက်ခြင်းနှင့် ထိုင်းနိုင်ငံ၌ 6G ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် တရုတ်ကုမ္ပဏီများအား ထိုင်းနိုင်ငံတွင် ထပ်မံရင်းနှီးမြှုပ်နှံရန်လည်း မစ္စပေတုန်တန်ကဖိတ်ခေါ်ခဲ့သည်။
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
