ဘာသာပေါင်းစုံတည်ရှိနေမှုနှင့် ယဉ်ကျေးမှုပေါင်းစုံ ရှင်သန်နေမှုတို့ကို အလေးထားခြင်းနှင့် အပြန်အလှန်နားလည်ခြင်းတို့ ဖြင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အဓွန့်ရှည်တည်ရှိရန် အထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ MICC 2 ၌ ပြုလုပ်သည့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ အကြံပြု ဆွေးနွေးဝိုင်း ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
မိမိတို့ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍ အလေးအနက်ပြု ပြောကြားလိုကြောင်း၊ ပထမအချက်အနေဖြင့် ဘာသာပေါင်းစုံဆွေးနွေးမှုများ မြှင့်တင်အားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဘာသာ ပေါင်းစုံတည်ရှိနေမှုနှင့် ယဉ်ကျေးမှုပေါင်းစုံ ရှင်သန်နေမှုတို့ကို အလေးထားခြင်းနှင့် အပြန်အလှန်နားလည်ခြင်းတို့ဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အဓွန့်ရှည်တည်ရှိရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဘာ သာပေါင်းစုံဆွေးနွေးမှုသည် အမှန်တကယ်ပင် ထိရောက်မှုရှိရန်လိုအပ်ပါကြောင်း၊ ယင်းသို့ဆွေးနွေးခြင်းသည် ဘာသာရေးခေါင်းဆောင်များအတွက်သာဟူ၍ ကန့်သတ်ချက် မထားရှိသင့်ပါကြောင်း၊ လူတိုင်းပါဝင်ခွင့်ရှိ သော ဆွေးနွေးခြင်းများမှတစ်ဆင့် ပြည်သူတိုင်း၏ ဟဒယနှလုံးသားနှင့် အသိတရားတို့အရ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ပေါင်းစည်းမှု ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ထို့ပြင် ဒုတိယအချက်အနေဖြင့် မိမိတို့ အာရုံစိုက်သင့်သောအရေးကိစ္စမှာ ပညာရေး ဖြစ်ပါကြောင်း၊ ပညာရေးသည် လူတို့၏အစွဲ အလန်းများနှင့် ပုံသေကားကျ စဉ်းစားတွေး ခေါ်မှုတို့မှလည်းကောင်း၊ မယုံကြည်မှုနှင့် ခွဲခြားဆက်ဆံမှုတို့မှလည်းကောင်း ကျော်လွှားလွန်မြောက်နိုင်စေရန် အရေးကြီးလှပါကြောင်း၊ အပြန်အလှန်လေးစားမှုကို ဖြစ်စေ သည့် ငြိမ်းချမ်းရေးယဉ်ကျေးမှုတစ်ရပ်ကို ပညာရေးမှတစ်ဆင့် ဖော်ဆောင်ပေးကြရ မည်ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အတူ တတိယအချက်အနေဖြင့် အကြမ်းဖက်မှုနှင့်ဒွန်တွဲနေသော အစွန်းရောက်ဝါဒ၏ အခြေခံအကြောင်းတရားများကို အလေးမူကြရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် လူမှုရေးအရ ခွဲခြားဆက်ဆံခံရမှုနှင့် ဖယ်ကျဉ်ခံရမှုတို့ကို ခံစားရခြင်းကြောင့် အစွန်းရောက်ဝါဒသဘောတရားများ၏ ဆွဲဆောင်မှုနောက်သို့ လိုက်ပါသွားတတ်ပါကြောင်း၊ သို့တည်းမဟုတ် ဆင်းရဲမွဲတေမှုနှင့် ကာလကြာရှည် အလုပ်အကိုင်မဲ့ ဖြစ်ရမှုတို့ကြောင့်လည်း အစွန်းရောက်သူများ၏ သွတ်သွင်းမှုကို ခံရတတ်ပါကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေး ပြောကြားသည်။
မြန်မာပြည်သူတို့သည် ငြိမ်းချမ်းရေးကိုလည်းကောင်း၊ ၎င်းတို့၏ ရင်သွေးများအတွက် ပိုမိုတောက်ပြောင်သော အနာဂတ်ဘဝကို ပိုင်ဆိုင်လိုသည့် အခွင့်အရေးတစ်ရပ်ရရှိရန်လည်းကောင်း မျှော်မှန်းတောင့်တလျက်ရှိ ကြပါကြောင်း၊ ပြည်သူတို့၏ အာသီသကို အပြည့်အဝအလေးမူကာ မိမိတို့အစိုးရအဖွဲ့သစ်အနေဖြင့် ယခင်အစိုးရအဖွဲ့က အစပျိုးပေးခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်စေရေး အတွက် အစီအစဉ်များရေးဆွဲချမှတ်ကာ လုပ်ဆောင်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
မျိုးဆက်သစ်တို့အတွက် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို အမွေအနှစ်သဖွယ်ကမ္ဘာကြီးတွင် မိမိတို့ချန်ထားရစ်နိုင်စေရန်လည်းကောင်း၊ ပေးဆပ်မှုအမျိုးမျိုးဖြင့် ရယူထိုက်သော အောင်မြင်မှုတစ်ခုကို မိမိတို့ လက် ဆုပ်လက်ကိုင် ရရှိလာနိုင်စေရန်လည်းကောင်း ကောင်းမွန်သောအနာဂတ်ဘဝအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ မရှိမဖြစ်အရေးကြီးလှပါကြောင်း၊ လုံခြုံမှုရှိပြီး ငြိမ်းချမ်းမှုရှိသော ဘဝတွင် နေထိုင်နိုင်ရေးဟူသော အခွင့်အ ရေးမှာအခြေခံကျလှကြောင်း၊ သို့ဖြစ်ရာလွတ် လပ်စွာယုံကြည်ခွင့်နှင့် လွတ်လပ်စွာကိုးကွယ် ခွင့်တို့မှာလည်း အလားတူပင်အခြေခံကျလှပါ ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားသည်။
သို့ရာတွင် မိမိတို့သည်ဖော်ပြပါ အခြေခံအခွင့်အရေးများ မကြုံစဖူး ထူးထူးကဲကဲ စိန်ခေါ်ခံရမှုကို တိုး၍တိုး၍ရင်ဆိုင်နေရသည့် ကာလတစ်ခုကို ဖြတ်သန်းနေကြရကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် အစွန်းရောက်သမားများ၏ အကြမ်းဖက်သည့် အပြုအမူများအား လှုံ့ဆော်နိုင်ရန် ၎င်းတို့၏လုပ်ရပ်ကို တရားမျှတမှုရှိသည့် အသွင်ဖြစ်ပေါ်အောင် ဘာသာတရားကိုခုတုံးလုပ် အလွဲသုံးမှုပြုနေကြပုံတို့ကို တွေ့မြင်နေရကြောင်း၊ အကြမ်း ဖက်မှုကိုအားပေးနေသည့် အစွန်းရောက်ဝါဒ နှင့် အကြမ်းဖက်ဝါဒတို့၏ ဘေးအန္တရာယ်ဆိုးများမှ ကျော်လွှားလွန်မြောက်နိုင်စေရေးအတွက် ဆောင်ရွက်ပါမည်ဆိုသော မိမိတို့၏တူညီသောသန္နိဋ္ဌာန်ပြုချက်ကို စုပေါင်း၍ ထပ်လောင်းအတည်ပြုကြရမည်ဖြစ်ပါ ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
