ဂျပန်နိုင်ငံ HONDA ကုမ္ပဏီ၏ ဒီဇိုင်းဖြစ်သည့် Honda Jet လေယာဉ်အား ရန် ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ စျေးကွက်မိတ်ဆက်ခြင်း လာရောက်ပြုလုပ်ခဲ့ကြောင်း အဆိုပါ လေယာဉ်အား မြန်မာနိုင်ငံတွင်ရောင်းချခွင့် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိထားသည့် KPO Co.Ltd မှ သတင်းရရှိသည်။
အဆိုပါ Honda Jet လေယာဉ်သည် ခုနစ်ယောက်စီး ခရီးသည်တင်လေယာဉ်အမျိုးအစားဖြစ်ပြီး တစ်နာရီ မိုင် ၄၀၀ နှုန်း ဖြင့် မိုင် ၁၂၀၀ အကွာအဝေးအထိ ပျံသန်းနိုင်ပြီး အမြင့်ပေ လေးသောင်းသုံးထောင်အထိ ပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Honda Jet လေယာဉ်မှာ မြန်မာနိုင်ငံရှိ ATR လေယာဉ်ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းတိုင်းတွင် ဆင်းသက်နိုင်မည်ဖြစ်ပြီး စျေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းနီးပါးခန့်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ Honda ကုမ္ပဏီ၏ ဒီဇိုင်းဖြစ်သည့် ယင်း Honda Jet လေယာဉ်သည် အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံရှိ မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် သရုပ်ပြ ပျံသန်းခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။လက်ရှိတွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများအား သရုပ်ပြပျံသန်းခြင်း ခရီးစဉ်ပြသခဲ့ပြီး အခြားမြို့ကြီးများတွင်လည်း ထပ်မံပြသနိုင်ရန်စီစဉ်နေကြောင်း သိရသည်။
“အခုလက်ရှိကတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနနှစ်ခုက တာဝန်ရှိသူတွေကို ၁၉ ရက်က နေပြည်တော်ကို ပျံသန်းပြီး သရုပ်ပြပျံသန်းမှုခရီးစဉ် ပြသခဲ့ပါတယ်။ ဒီလေယာဉ်က Private အတွက် သီးသန့်ရည်ရွယ်တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်လေယာဉ်ဝယ်ယူမှုကို ခွင့်ပြုထားတာမျိုးမရှိသေးတော့ သက်ဆိုင်ရာ ဝန်ကြီး ဌာနနှစ်ခုကို အရင်ဆုံးပြသတဲ့သဘောပါ။ နေပြည်တော်ကို သရုပ်ပြခရီးစဉ်ပျံသန်းပြီး ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာလည်း ပြသနိုင်ဖို့ စီစဉ်နေပါတယ်” ဟု Honda Jet လေယာဉ်အား KPO Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် စျေးကွက်ရရှိနိုင်မည့် အခြေအနေများကြောင့် နိုင်ငံတကာရှိ ရဟတ်ယာဉ်နှင့် လေယာဉ်ကုမ္ပဏီများက မြန်မာနိုင်ငံ စျေးကွက်သို့ သရုပ် ပြပျံသန်း၍လာရောက်မိတ်ဆက်ခြင်းကို ပြုလုပ်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကဘရာဇီးနိုင်ငံအခြေစိုက် Embraer လေယာဉ်ကုမ္ပဏီမှ Embraer E2 ဒီဇိုင်းသစ် လေယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စျေးကွက်မိတ်ဆက်ပြသခြင်း လာ ရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Bell 505 ရဟတ်ယာဉ် အမျိုးအစားအား ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ စျေးကွက် မိတ်ဆက်ခြင်း လာရောက်ပြုလုပ်ခဲ့သည်။ Bell 505 ရဟတ်ယာဉ် သရုပ်ပြပျံသန်းခြင်း ကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
