ချင်းပြည်နယ်သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အထိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိသေးသော ပြည်နယ်တစ်ခု (Zero Investment) အဖြစ် တည်ရှိဆဲဖြစ်သဖြင့် ၂၀၁၉ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသူ များရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ တော်ဝင် ဂါးဒင်းဟိုတယ်၌ကျင်းပသည့် ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများလေ့လာမ ှုအစီရင်ခံစာထုတ်ပြန်ပွဲမှ သိရသည်။
“ချင်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးကိုယ်စား ဒီမနက်မှာ သူနဲ့ကျွန်တော် ဖုန်းပြောရင်း မှာလိုက်တဲ့ ကျွန်တော်က တစ်ဆင့် မေတ္တာရပ်ခံလိုက်တဲ့ အချက်ကတော့ ချင်းပြည်နယ်အနေနဲ့ ပြည်တွင်းပြည်ပရင်း နှီးမြှုပ်နှံမှုအခြေအနေဟာ ဒီနေ့ သုညအခြေ အနေပဲ ရှိနေဆဲဖြစ်တဲ့အတွက် Zero Invest,emt အခြေအနေဖြစ်တဲ့အတွက် ချင်းပြည်နယ်ကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဝင်ရောက်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေးပါဆိုပြီး မေတ္တာရပ်ခံထားပါတယ်” ဟု ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကိုယ်စား အေးချမ်းမြန်မာအင်စတီကျူမှ မူဝါဒရေးရာအကြံပေး ဆလိုင်း အိုက်ဇက်ခင်က ပြောကြားသည်။
သို့သော်လည်း ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် ဟိုတယ်လုပ်ငန်းတစ်ခု ရှိလာပြီဖြစ်ကြောင်း၊ ကျပ်သန်း ၈၀၀ ကျော်ဖြင့် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီတစ်ခုအား ခွင့်ပြုပေးထားကြောင်း ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် Zero ကွဲပြီးသားဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက မရှိဘူးမဟုတ်ဘူး ရှိပါတယ်ဗျ။ တောင်ပိုင်းမှာလည်း ကန်ပက်လက်၊ မင်းတပ်မှာ ဟိုတယ်တော်တော်များများ ရှိ ပါတယ်။ ဒီဟိုတယ်လုပ်ငန်းရှင်တွေကို ချင်း ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ သွားပြီး ဖိတ်ခေါ်ခဲ့တယ်” ဟု ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ် ရရှိသည့် ဇုန် (က) စာရင်းတွင် ချင်းပြည်နယ် ပါဝင်ကြောင်းနှင့် ဥပဒေအရ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား အကာအကွယ်ပေးထား ကြောင်း သိရသည်။
အစိုးရသစ်လက်ထက်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးဆောင်၍ ချင်းပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ် ရန်မူဘောင် (Framework to Attact Investment to Chin State) မူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ဦစားပေးနယ်ပယ်များအဖြစ် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍ နှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍတို့ကို လျာထားပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း ချင်းပြည်နယ်ရ ှိဒေသန္တရ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ပြည်နယ်ရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ လေ့လာမှုအစီရင်ခံစာကို AFSC မှ ရန်ပုံငွေပံ့ပိုးပေးထားပြီး အေးချမ်းမြန်မာအင်စတီကျူမှ သုတေသနလုပ် ငန်းများပြုလုပ်ကာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
