မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာစေရန် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အာဆီယံ၊ အီးယူ-အမေရိကန်စသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များ ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာမှာ Tourism Promotion လုပ်ဖို့အတွက် မြန်မာ-ကိုရီးယား၊ မြန်မာ-ဂျပန်၊ မြန်မာ-တရုတ်၊ မြန်မာ-အာဆီယံနဲ့ မြန်မာ-အီးယူ အမေရိကဆိုပြီး ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ငါးဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ငါးဖွဲ့ရဲ့ ပရိုမိုးရှင်း လုပ်ဆောင်ခဲ့မှုတွေကို မြန်မာနိုင်ငံမှာ ပြန်လည်ဆောင်ရွက်ဖို့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ဟိုတယ်ခရီး ဝန်ကြီးဌာနက ဦးဆောင်ပြီး နိုင်ငံတကာမှာ တွင်ကျယ်နေပြီဖြစ်တဲ့ Digital Marketing Committe ကို သီးသန့်ဖွဲ့စည်းပြီး ပညာရှင်တွေနဲ့ ပူးပေါင်းပြီး နောက်ကျမကျန် ခဲ့အောင် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးစတဲ့ ခရီးသွားပင်မနေရာကြီး လေးခုအပြင် အခြားခရီးစဉ်တွေကိုလည်း တိုးချဲ့ဆောင်ရွက် နေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရခိုင်မြောက်ဖျားက ပြဿနာ အကြောင်းအရာကြောင့် အနောက်ဥရောပ နိုင်ငံတွေက ခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ပြန်လည် တိုးတက်လာနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုများတွင် လေကြောင်းခရီးဖြင့် လာရောက်သူ ၁၀၄၂၇၅၆ ဦး၊ အပျော်စီးသင်္ဘောဖြင့် လာရောက်သူ ၇၁၃၉ ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူ ၃၅၃၇၇ ဦး၊ စုစုပေါင်း ဗီဇာဖြင့် လာရောက်သူပေါင်း ၁၀၈၅၂၇၂ ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက လေကြောင်းဖြင့် လာရောက်သူများတွင် ၀ ဒသမ ၃၁ ရာခိုင်နှုန်း၊ အပျော်စီး သင်္ဘောဖြင့် လာရောက်သူများတွင် ၃၃ ဒသမ ၆၆ ရာခိုင်နှုန်း၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများတွင် ၁၇ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသွားဝင်ရောက်မှုနှုန်း ငါးနှစ်တာကာလအတွင်း အနည်းဆုံးနှစ် ဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။
၂၀၁၈ ခုနှစ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်လာသည့် ခရီးသွားဦးရေမှာ နိုဝင်ဘာ ၁၅ ရက်က ငါးသန်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် ရန်ကုန်လေဆိပ်သို့ ဝင်ရောက်သည့် ခရီးသွားဦးရေနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်မှုရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုကို တာဝန်ယူ ဆောင်ရွက်နေသည့် Yangon Aerodrome Company Ltd ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
