အယ်လ်နီညို၊ လာနီညာ ရာသီဥတုထက် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
“အခု အယ်လ်နီညိုက နိုဝင်ဘာလဆန်း တုန်းကထက်စာရင် အားနည်းနည်း လျော့သွားတဲ့အတွက် အားအနည်းငယ် ဖြစ်နိုင်တဲ့ အယ်လ်နီညိုလို့ ခန့်မှန်းရတယ်။ သူ့ထက်အားနည်းနည်းလေး ကောင်းလာရင်တော့ အားအသင့်အတင့်တော့ ရောက်နိုင်တယ်။ အားအနည်းငယ်ရှိနိုင်တဲ့ အယ်လ်နီညိုလို့ နိုင်ငံတကာ ပညာရှင်တွေက ခန့်မှန်းထားတယ်။ မြန်မာနိုင်ငံအတွက် သက်ရောက်နိုင်မှုက အယ်လ်နီညိုရဲ့ ပြင်းအားပေါ် မူတည်တယ်။ အယ်လ်နီညို အားကောင်းရင်တော့ လာမယ့်နွေရာသီမှာ မြန်မာနိုင်ငံမှာ အပူချိန်မြင့်တာတွေ ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ဆိုသည်။
ဆက်လက်ပြီး “တချို့ဟာတွေက အယ်လ်နီညိုကြောင့် ဖြစ်ပေမယ့် အဓိက ကတော့ ကမ္ဘာကြီးက ပူနွေးနေတာ။ လာနီညာဖြစ်တဲ့ နှစ်တွေတောင်မှ အေးရမယ့် အနေအထားတောင် မအေးဘူး။ လာနီညာဖြစ်တဲ့ နှစ်တွေတောင်မှ ပုံမှန်ထက်ပူနေတယ်။ အယ်လ်နီညို လာနီညာ ထက်စာရင် ကမ္ဘာကြီးပူနွေးမှုက ပိုပြီးသက်ရောက်မှု များနေတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးဇလမှ အယ်လ်နီညိုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလလယ်အတွင်း အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် မြင့်တက်လျက်ရှိကြောင်း၊ ခန့်မှန်းချက်များအရ အဆိုပါ ပစိဖိတ်သမုဒ္ဒရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ် (နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ) လ သုံးလပျမ်းမျှ ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် အားအနည်းငယ်မှ အသင့်အတင့် အယ်လ်နီညိုအဆင့်သို့ ရောက်ရှိအောင် ပူနွေးနိုင်ပြီး၊ အယ်နီညိုဖြစ်စဉ်သည်၂၀၁၉ ခုနှစ် မေလအထိ ဆက်လက် ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတ ုခန့်မှန်းရေး ဗဟိုဌာနများက ထုတ်ပြန်ထားသည်ဟု ဖော်ပြထားသည်။
၂၀၁၈-၂၀၁၉ ခုနှစ် (နိုဝင်ဘာ-ဒီဇင် ဘာ-ဇန်နဝါရီ) အထိ အယ်လ်နီညို ဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းသည် ၈၄ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး၊၂၀၁၉ ခုနှစ်၊ (ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်) တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် (မတ်-ဧပြီ-မေ) တို့တွင် ၅၇ ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျလာနိုင်ကြောင်း အယ်လ်နီညိုဖြစ်စဉ်အား နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများက ထုတ်ပြန်ထားသည်ဟု မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် နိုင်ကြရန်နှင့် အယ်လ်နီညို ဖြစ်စဉ်အား ပြောင်းလဲမှုရှိပါက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
