မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံး၌ ပဋိဇီဝဆေးယဉ်ပါးမှုများကြောင့် သေဆုံးသူဦးရေ ခုနစ်သိန်းခန့်အထိရှိနေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပေးရက်သတ္တပတ် ၂၀၁၈ အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။
လက်ရှိ၌ ပဋိဇီဝဆေးဝါးများကို စနစ်တကျသုံးစွဲမှု မရှိခြင်းကြောင့် ဖြစ်ပွားလာသော ပဋိဇီဝဆေးယဉ်ပါး ရောဂါပိုးများသည် လူအချင်းချင်း၊ တိရစ္ဆာန်အချင်းချင်း သို့မ ဟုတ် တိ ရစ္ဆာန်မှ လူသို့၊ လူမှတိရစ္ဆာန်သို့ အ ပြန်အလှန် ကူးစက်နိုင်ကာ မည်သူမဆိုရော ဂါဖြစ်ပွားနိုင်ကြောင်း၊ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ပဋိဇီဝဆေးယဉ်ပါးမှု ရောဂါများကြောင့် သေဆုံးသူမှာ ၂၀၁၆ ခု နှစ်တွင် လူဦးရေခုနစ်သိန်းခန့်ရှိပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်းခန့် အထိ မြင့်တက်လာနိုင်ကြောင်း သုတေသန ပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြောင်းနှင့် အမေရိကန် ပြည်ထောင်စုတွင် အသက်အန္တရာယ်ကို ထိခိုက်နိုင်သော ပဋိ ဇီဝဆေး မတိုးသော ရောဂါကူးစက်မှုသည် တစ်နှစ်လျှင် လူဦးရေနှစ်သန်းခန့်အထိ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“အထူးသဖြင့် တိရစ္ဆာန်မွေးမြူရေးနဲ့ အသားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပဋိ ဇီဝဆေးတွေကို အလွန်အကျွံသုံးစွဲခြင်းက ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ပိုမိုရင် ဆိုင်ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဗဟို အဆင့်၊ သင်ကြားရေးနဲ့ အထွေထွေရောဂါ ကုဆေးရုံကြီးတွေ၊ အထူးကုလူနာဆောင် တွေက လူနာတွေမှာ ပဋိဇီဝဆေးတော် တော်များများ ယဉ်ပါးနေတဲ့ ရောဂါပိုးတွေ ကိုတွေ့ရှိနေပြီး ပဋိဇီဝဆေးယဉ်ပါးမှု တိုက် ဖျက်ရေးလုပ်ငန်းတွေကို စနစ်တကျထိထိ ရောက်ရောက် မဆောင်ရွက်ရင် တီဘီနဲ့ငှက်ဖျား ပဋိဇီဝဆေးယဉ်ပါး ရောဂါတွေဖြစ်သလို အခြားဆေးယဉ်ပါးရောဂါတွေလည်း ဖြစ်ပွားလာမှာ ဖြစ်ပါတယ်” ဟု ယင်းအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးစီမံကိန်း (၂၀၁၇-၂၀၂၂) ကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာပိုင်း ပံ့ပိုးကူညီမှုနှင့် ရေးဆွဲခဲ့ပြီး National Action Plan for Containment of Antimicrobial Resistance, Version - 01 ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့ကြောင်း၊ ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ (National Multi-sectoral committee) ကို နယ်ပယ်ကဏ္ဍစုံမှ ပညာရှင်များ ပါဝင်ဖွဲ့စည်းခဲ့ပြီး ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ပြဿနာကို ကဏ္ဍကြီးငါးရပ်ခွဲ၍ ဆောင်ရွက်လျက် ရှိကြောင်းနှင့် နိုင်ငံအတွင်း ပဋိဇီဝ ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ညှိနှိုင်းမှု ဗဟိုဌာန (National Coordination Center) ကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် ယခုနှစ်တွင် တည်ထောင်ခဲ့ပြီး နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငါးဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့သည် လူ၊ တိရစ္ဆာန်၊ အပင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေး (One Health) မူဘောင်အရ ပူးပေါင်းဆောင်ရွက်မည့် Joint Statement on Multi Stake holder Engagement to Combat Anti-microbial Resistance in Myanmar ကို လက်မှတ်ရေးထိုး လုပ်ဆောင်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
