မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် နှစ်ဧပြီလမှ စတင်၍ အောက်တိုဘာလအထိ တရားမဝင်သစ် တန်ချိန် ၁၀၉၉ ကျော် ဖမ်းမိခဲ့ပြီး ယခင်နှစ် ကထက် သစ်ဖမ်းဆီးမူသည် တန် ၅၀၀ နီးပါး လျော့နည်းခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးရုံး၏ လက်အောက်ရှိ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနများ လစဉ် စီမံချက်ရေးဆွဲပြီး ဖမ်းဆီးမှုများ ရှိသလို၊ တိုင်းဒေသကြီး အစုအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးဆောင်ရွက်မှုများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုများကြောင့် မန္တလေးတိုင်း ဒေသကြီးတွင် ယခုနှစ် ယခုနှစ်ဘဏ္ဍာနှစ်စမှ အောက်တိုဘာလအထိ တရားမဝင် သယ်ဆောင်လာသည့် ကျွန်း၊ သစ်မာ၊ အခြားသစ် စုစုပေါင်း ၁၀၉၉ ဒသမ ၁၀၈၀ တန်ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြောကြားသည်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလ ကနေ အောက်တိုဘာလအထိ ကျွန်း ၂၅၂ ဒသမ ၇၅၁ တန်၊ သစ်မာ ၄၈၈ ဒသမ ၈၁၀၁ တန်၊ အခြားသစ် ၃၅၇ ဒသမ ၅၄၆၉ တန် စု စုပေါင်း ၁၀၉၉ ဒသမ ၁၀၈၀ တန် ဖမ်းဆီးရ မိတယ်။ အရင်နှစ် ဧပြီကနေ အောက်တို ဘာလအထိ နှိုင်းယှဉ်ရင် ဖမ်းဆီးရမိမှုကနေ လျော့နည်းခဲ့တယ်။ အရင်နှစ်က ဧပြီလကနေ အောက်တိုဘာလအထိ သစ်ဖမ်းမိတာ က ၁၅၇၀ ဒသမ ၇၆၅၂ တန်အထိ ဖမ်းမိ တယ်။ မန္တလေးတိုင်းဒေသကြီးမှာ ပြင်ဦးလွင်နဲ့ မန္တလေးခရိုင်ကတော့ အရေးကြီးတဲ့ ခရိုင်တွေပဲ ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီခရိုင်တွေက ဒီသစ်တွေ စုပုံကျတယ်။ ဒီက နေ စုစည်းပြီးတော့မှ တစ်ဖက်နိုင်ငံကို ထွက် တဲ့အတွက်ကြောင့် ဒီခရိုင်နှစ်ခုကို အဓိက ထား အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါတယ်။ ဖမ်းဆီးမှုတွေကတော့ လစဉ် ခရိုင်အလိုက် မြို့နယ်အလိုက် စီမံချက်တွေ ရေးဆွဲပြီးတော့မှ ဖမ်းဆီးတာတွေ ရှိပါတယ်။ ပြီးတော့မှ ကျွန်တော်တို့က အရေးကြီး ကြီး သလို တိုင်းအနေနဲ့တိုင်းစစ်ကြောင်းတွေ စု ဖွဲ့ပြီး ကျွန်တော်တို့က ဖမ်းဆီးတာလည်း ရှိပါတယ်။ နောက်တစ်ခု အရေးကြီးဆုံးအ ချက်ကတော့ ဒေသခံပြည်သူတွေအားနဲ့ သူတို့ကနေ စောင့်ကြည့်ပြီးတော့မှ သတင်း ပေးပို့တဲ့စနစ်ကို အခြေခံပြီးတော့မှ ဖမ်းဆီးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ အများကြီးလည်း တိုးတက်မှုတွေ ရှိပါတယ်။ ပြည်သူလူထုရဲ့ ပ့ံပိုးမှုတွေကြောင့် များများစားစား ပိုပြီးဖမ်းဆီး လာနိုင်တာလည်း တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။
မန္တလေးတိုင်း သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ် ဖမ်းဆီးခြင်း လုပ်ငန်းများကို အဓိက အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်စ ဧပြီလမှ အောက်တိုဘာလအထိ တရားမဝင်သစ် ကျွန်း ၃၈၂ ဒသမ ၃၈၂၀ တန်၊ သစ်မာ ၆၅၉ ဒသမ ၁၄၁၁ တန်၊ အခြားသစ် ၅၂၉ ဒသမ ၂၄၂၁ တန် ဖမ်းဆီးရမိခဲ့ပြီး အမှုအားဖြင့် ၆၆၅ မှုရှိပြီး ၎င်းတို့ကို သစ်တောဥပဒေ၊ နည်းဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ အများနှင့် သက်ဆိုင်သော ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
