သုံးလနီးပါးကြာကျင်းပမည့် မကွေးတိုင်း ဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် မန်းချောင်းသောင်ပြင် မြေညှိပြင်ဆင်မှုလုပ်ငန်းများအား နိုဝင်ဘာလလယ်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ပွဲတော်ပြင်ပလာ ရောက်ကြသည့် ဘုရားဖူးများနေထိုင်တည်းခိုုရေး အဆင်ပြေစေနိုင်ရန်အတွက် သံဖရိန်ပါတဲကျောင်း (တည်းခိုဆောင်) များကို စတင်တည်ဆောက်လျက်ရှိကြောင်း ရွှေစက်တော် ဘုရားဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံး ကျင်းပလေ့ရှိသည့် ဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ပွဲတော်ဖွင့်ပွဲသည် ဇန်နဝါရီ ၂၉ ရက် တွင် ကျရောက်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပွဲတော်ချိန်ပြင်ပဘုရားဖူးများ လာရောက်မှု ယခင်နှစ်များကထက် ပိုမိုများပြားလျက်ရှိသောကြောင့် မန်းချောင်းနံဘေးဝဲယာရှိ သောင်ပြင်များ မြေညှိပြင်ဆင်ခြင်းလုပ်ငန်းကို ယခင်နှစ်များကထက် စော၍စတင်ခဲ့ ကြောင်း မန်းချောင်းသောင်ပြင်တွင် စျေးဆိုင်ခန်းများနှင့်တဲကျောင်းများ တည်ဆောက်လေ့ရှိပြီး တဲကျောင်းလုပ်ကိုင်ခွင့်များအတွက် တင်ဒါများခေါ်ယူလျက်ရှိကြောင်း သိရသည်။
“မန်းရွှေစက်တော် ဘုရားပွဲတော်က တပို့တွဲလဆန်း ၅ ရက်နေ့မှ စတင်ဖွင့်လှစ်မှာပါ။ ဒါပေမဲ့ ရွှေစက်တော်ဘုရားကို ၁၂ ရာသီလာလိုရတဲ့လှေတင်တံတားကြီး ရှိနေပြီဆိုတော့ ဘုရားဖူးတွေက တစ်ဖွဲဖွဲလာရောက်နေကြတာပါ။ ဒါကြောင့် ရောက်ရှိလာတဲ့ဘုရားဖူးတွေ လွတ်လပ်စွာတည်းခိုနိုင်ရေးအတွက် ဦးတည်ပြီးတော့ ဒီစတီးစတွက်ချာကို ဆောက်နေပါတယ်။ ပထမဆုံး စလုပ်တာကတော့ မြေပြုပြင်ခြင်းလုပ်ငန်းပါ။ ဒီပွဲတော်ကြီးမှာက မြန်မာနိုင်ငံမှာရှိတဲ့ အခြားပွဲတော်များနဲ့ မတူပါဘူး။ တစ်နှစ်မှ တစ်ကြိမ်ကျင်းပတဲ့နေရာမှာ ကျင်းပတဲ့ရက်က ရက်ပေါင်း ၉၀ လောက် ရှည်ကြာပါတယ်။ ကျင်းပတဲ့နေရာကလည်း တည်မြဲနေရာ မဟုတ်တဲ့သောင်ပြင်မှာ ကျင်းပရတာဖြစ်တဲ့အတွက် သောင်ပြင်ပျက်စီးမှုတွေ၊ နုန်းတင်မှုတွေရှိတဲ့အခါမှာ ဒီသောင်ပြင်ကို ပြင်ရပါတယ် ” ဟု ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ဆိုသည်။
မန်းရွှေစက်တော်ဘုုရားပွဲတွင် နှစ်စဉ် တဲကျောင်းပေါင်း ၅၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်လေ့ရှိကြောင်း၊ တဲကျောင်းနှင့် ဆိုင်ခန်းများကို သစ်ဝါးများဖြင့်သာ နှစ်စဉ်တည်ဆောက်ရသောကြောင့် သစ်ဝါးပြုန်းတီးမှုနှင့်ပတ်သက်၍ ယခင်နှစ်များက ဝေဖန်မှုများရှိခဲ့ကြောင်း ထို့ကြောင့် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ပိုင် တဲကျောင်းများကို သံဖရိန်များဖြင့် အစားထိုး တည်ဆောက်မှုများ ရှိလာခဲ့ပြီး ပုဂ္ဂလိကပိုင် အထူးတဲကျောင်းများကိုလည်း သံဖရိန်များဖြင့် အစားထိုးတည်ဆောက်စေမှုများ ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က ပွဲတော်ပြင်ပကာလ ဘုရားဖူးတွေများလာတာကြောင့် ပြီးခဲ့တဲ့နှစ်က ပြုပြင်မှုတွေ ရှိခဲ့တယ်။ ၁၂ ရာသီ ဘုရားဖူးတွေလာနိုင်အောင်လည်း စီမံထားတဲ့အတွက် အရင်နှစ်ကနဲ့စာရင်တော့ ပိုပြီးလာတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဖော်ရိန်နာပေါ့။ နိုင်ငံခြားသား ကမ္ဘောဒီးယားက လာတာတွေလည်း ရှိပါတယ်။ အရင်နှစ်တွေကထက် ၂၀ ရာခိုင်နှုန်းလောက် ပိုတိုးလာတယ်လို့ထင်ပါတယ်” ဟု စကုမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောကြားသည်။
မန်းရွှေစက်တော်ဘုရားပွဲတော် ကာလတွင် တဲကျောင်းခများ စျေးကြီးမှုနှင့် ပတ်သက်၍ ဂေါပကအဖွဲ့သတ်မှတ်စျေးများအတိုင်းသာ ကောက်ခံကြရန် ယခင်နှစ်များကတည်းက စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း တဲကျောင်းများ၏ မြင်သာသည့် နေရာများတွင် သတ်မှတ်တည်းခိုခများကို ကြေညာထားမည်ဖြစ်ပြီး ပိုမိုကောက်ခံပါက တိုုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကို တစ်ပါတည်း ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် ပွဲတော်တွင်း ယာဉ်များပိတ်ကျပ်မှုမဖြစ်စေရန် ယခင်နှစ် ပွဲတော်ကာလမှစ၍ တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယခု နှစ်ပွဲတော်ကာလတွင်လည်း တစ်လမ်းမောင်း စနစ်ဖြင့်သာ ကျင့်သုံးမည်ဖြစ်ပြီး ပွဲတော်ကိုု ရှောင်ကွင်းသည့် ကားလမ်းကို လမ်းသားချဲ့ခြင်းနှင့် ကားချော်တတ်သည့် အတက်နေရာများတွင် ကွန်ကရစ်များ ခင်းထားပေးမည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရား အရှေ့တောင်ဘက် ရှစ်မိုင်ကားလမ်းနံဘေးတွင် ဆင်စခန်းတစ်ခုကို ယခင်နှစ်က စတင်ဖွင့် လှစ်ခဲ့ပြီး ၁၂ ရာသီ ဖွင့်လှစ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
