အညာဒေသရှိ ကျွန်းသစ်နှင့် ဆောက်ထားသော ကျေးလက်ရိုးရာအိမ်များကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းမှတ်တမ်းတင်ရမည့် ခေါင်းစဉ်ဖြင့် 2020 World Mounments Watch List တွင် ရွေးချယ်ခံရကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် World Mounments Fund (WMF) ၏ အစီအစဉ်ဖြင့် ၂၀၂၀ ခုနှစ်အတွက် ရွေးချယ်ထားသည့် Project ၂၅ ခုအနက် မြန်မာနိုင်ငံမှ တင်သွင်းသော ကျေးလက်အိမ်များအား မှတ်တမ်းပြုစုခြင်း ပရောဂျက်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအစီအစဉ်အား တင်ပြခဲ့သည့် နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ သိရသည်။
“2020 World Mounments Watch List မှာရွေးချယ်ခံရတဲ့ ကျွန်းသစ်နဲ့ဆောက်တဲ့ ကျေးလက်အိမ်တွေကို လေ့လာပြီး အခု ၂၀၁၉ မှာ ပရောဂျက်တင်နိုင်ခဲ့တာပါ။ ပရောဂျက်တင်နိုင်ဖို့အတွက် မန္တလေးနဲ့စစ်ကိုင်းတိုင်း ဒေသကြီးမှာရှိတဲ့ ကျေးရွာတွေက ကျွန်းသစ်လယ်တောအိမ်တွေကို လေ့လာပြုစုခဲ့တယ်။ လေ့လာမှုအရ အိမ်ပေါင်းအလုံး ၄၀ နီးပါးတွေ့ခဲ့ပေမယ့် သူတို့ရဲ့သတ်မှတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အိမ် ၁၂ လုံးကို ရွေးချယ်တင်ပြခဲ့တယ်။ ကြားထဲမှာလည်း အလျဉ်းသင့်သလို တင်ပြချက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိတွေကို စစ်ဆေးမှုတွေလုပ်ခဲ့ပြီး အခုလိုရွေးချယ်ခံရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပရောဂျက်ကနေ ထောက်ပံ့မှုတွေနဲ့ ကျေးလက်အိမ်တွေကို သုတေသနပြု မှတ်တမ်းတင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားပါမယ်။ ကနဦးအနေနဲ့ အိမ် ၁၂ လုံးထဲက ဘယ်အိမ်ကို အရင်မှတ်တမ်းတင်မလဲ ရွေးချယ်ပြီး သူတို့ဘက်က ပညာရှင်တွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေ ပူးပေါင်းဆောင်ရွက်သွားမှာပါ ” ဟု နည်းပညာတက္ကသိုလ် (မန္တလေး)၊ ဗိသုကာဌာနမှ ပါမောက္ခ ဒေါက်တာဇာခြည်မင်းက ပြောကြားသည်။
ရွေးချယ်တင်ပြခဲ့သည့် အိမ်များ၏ သွင်ပြင်များမှာ ကျွန်းသစ်အသုံးပြုထားပြီး မြန်မာ့လူနေမှုစရိုက်လက္ခဏာများ ပေါ်လွင်ထင်ဟပ်ကာ ဒေသရာသီဥတုနှင့်သင့်တင့်သော ဗိသုကာ လက်ရာများပါဝင်သည့် ကျေးလက်လူနေအိမ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာကျွန်းသစ်နှင့် တည်ဆောက်ထားသော ကျေးလက်ရိုးရာအိမ်များမှာ ခေတ်ပြောင်းလဲမှုနဲ့အညီ နေထိုင်မှုအဆင့်အတန်း ပြောင်းလဲလာမှုများအလျောက် ယဉ်ကျေးမှုလက်ရာများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများမှာလည်း ကျယ်ပြန့်သည့် အတိုင်းအတာနှင့် ပျောက်ကွယ်လျက်ရှိနေသည့်အတွက် မှတ်တမ်းတင်သုတေသနပြုကာ ကမ္ဘာမှသိရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မှတ်တမ်းတင် သုတေသနပြုခြင်းလုပ်ငန်းကို နှစ်နှစ်ကြာပြုလုပ်သွားမည်ဖြစ်ကာ ကနဦးတွင် ကျောင်းနှင့်နီး၍ သွားလာရလွယ်ကူသော နေရာများရှိအိမ်များကို ရွေးချယ်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သုတေသနပြုရင်းနှင့် ဆောက်လုပ်ခြင်း နည်းပညာများအား လက်ဆင့်ကမ်း သင်ကြားခြင်းများနှင့် ကျောင်းအတွင်း ပညာပေးပြသသင်ကြားခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
